အမည်အသိရုပ်အလောင်းနှင့် ပတ်သက်ပြီး အင်းဒင်ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်မှုများရှိနေ


(ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့လည်က အင်းဒင်သုဿာန်၌ တူးဖော်တွေ့ရှိခဲ့သည့် အမည်အသိရုပ်အလောင်းများ။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်။   ။   မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုဿာန်၌ တွေ့ရှိသည့် အမည်မသိရုပ်အလောင်းများနှင့် ပတ်သက်ပြီး အင်းဒင်ကျေးရွာမှ ပါဝင်ပတ်သည်ဟု ယူဆရသူများကို သက်ဆိုင်ရာ ရဲနှင့် စရဖ များမှ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း အဆိုပါကျေးရွာသားများက DMG သို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က အင်းဒင်ကျေးရွာမှ ဦးချစ်ထွန်း၏သား အသက် ၄၈ နှစ်ရှိသည့် ဦးမောင်ဝင်းဖြူအား သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဦးမောင်ဝင်းဖြူ၏ဇနီး ဒေါ်မအေးနွယ်က ပြောသည်။

“ ကျွန်​မမှာ အခုထိ ယောက်ျားနောက်​ကို မလိုက်နိုင်​​သေးပါ။ အိမ်​မှာ ကလေးတစ်​​ယေက်​မှ မရှိဘူး။ ကျွန်​မ ယောက်ျားက ရိုးသားစွာ လယ်​ယာလုပ်​ကိုင်​စား​သောက်​သူပါ။ ဘာအပြစ်​မှ မရှိနိုင်​ပါဘူး။ " ဟု ပြောသည်။
(ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့လည်က အင်းဒင်သုဿာန်၌ တူးဖော်တွေ့ရှိခဲ့သည့် အမည်အသိရုပ်အလောင်းများ။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
မနေ့က ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း အင်းဒင်ကျေးရွာသားအချို့ကို လိုက်လံဖမ်းဆီးနေသော်လည်း ရွာသားအချို့မှာ ရှာမတွေ့ကြောင်း ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးထွန်းမောင် (အမည်လွှဲ) က DMG သို့ ပြောသည်။

“ အခု အ​လောင်​​တွေ​ တွေ့ရှိတဲ့ ကိစ္စနဲ့ပတ်​သတ်​ပြီး အခု အင်းဒင်​​ကျေးရွာက လူ​တွေ အ​ကြောက်​တရားစိုးမိုး​နေကြပါတယ်​။ တစ်​ချို့ဆို ​နေရပ်​စွန့်​ခွာမူ​တွေ​တောင်​ ရှိလာ​နေကြပါပြီ။ ဒါက အလွန်​စိုးရိမ်​စရာ အ​ခြေအနေပါ။ ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ခွဆုံကျေးရွာမှ ကျောင်းအုပ်ကြီး ဦးအောင်သိန်းဖြူနှင့် မောင်တောတောင်ပိုင်းတာဝန်ခံ ဒုပညာရေးမှူး ဦးမြင့်စိုးတို့မှာ ပြန်လည်လွတ်မြောက်လာပြီ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောနေသော်လည်း ယခုအချိန်ထိ အင်းဒင်ကျေးရွာသို့ ပြန်မရောက်သေးကြောင်း၊ ယင်းအပြင် ဖုန်းဖြင့်သာ အဆက်သွယ်ရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

အင်းဒင်ကျေးရွာ သုဿာန်၌ သတ်ဖြတ်မြှုပ်နှံထားသည့် လူများရှိကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က အမည်မဖော်လူသူတစ်ဦး သတင်းပေးပို့ချက်အရ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ဦးဆောင်ပြီး မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ အင်းဒင်ရဲစခန်းမှ ရဲအုပ်အေးမင်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ မြတ်ထွန်းခိုင်တို့ ပါဝင်သောအဖွဲ့ဖြင့် ဒီဇင်ဘာလ ၁၉ ရက် နေ့လည် ၂ နာရီက စတင်တူးဖော်​ကြရာ  မည်သူမည်ဝါမခွဲခြားနိုင်သော ရုပ်အလောင်း ၁၀  လောင်းအား တွေ့ရှိခဲ့​သည်။

အဆိုပါ အလောင်းနှင့် ပတ်သက်ပြီး ဖြစ်စဉ်နှင့် အမှုမှန်ပေါ်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းဆေးလျှက်ရှိနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ချလူးအောင်
Development Media Group
http://www.dmediag.com/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ