ဗြိတိန် ဝန်ကြီး ရာထူးကနေ အထုတ်ပယ်ခံရ

လွန်ခဲ့တဲ့ ၉နှစ်က မစ္စတာ Green ရဲ့ ရုံးခန်းကွန်ပြူတာမှာ ညစ်ညမ်းပုံတွေ တွေ့ခဲ့
ဗြိတိန် ကက်ဘိနက် ဝန်ကြီးအဖွဲ့က ထိပ်တန်း ဝန်ကြီးတဦး ဖြစ်တဲ့ Damian Green ဟာ ဝန်ကြီး ကျင့်ဝတ် ချိုးဖောက်ကြောင်း စုံစမ်းတွေ့ရှိခဲ့အပြီး ရာထူးကနေ အထုတ်ပယ် ခံလိုက်ရပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေရဲ့ လက်ထောက်လည်းဖြစ် အရင်းနှီးဆုံး သူတဦးလည်း ဖြစ်တဲ့ မစ္စတာ Green ဟာ သူ့ရုံးခန်း ကွန်ပြူတာထဲက ညစ်ညမ်းရုပ်ပုံတွေနဲ့ ပတ်သက်လို့ လွဲမှား မတိကျတဲ့ ထွက်ဆိုချက်တွေ ထွက်ဆိုခဲ့တယ်လို့ စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူ့ ကွန်ဆာဗေးတစ်ပါတီထဲက ပါတီအရေး တက်ကြွ လှုပ်ရှားသူ အမျိုးသမီး တဦးကို မဖွယ်မရာ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့လည်း မစ္စတာ Green စုံစမ်းစစ်ဆေး ခံနေရပါတယ်။

မစ္စတာ Green ကတော့ သူ့အနေနဲ့ ဘာမှ မဟုတ်တာ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ထရီစာ မေအတွက်တော့ သူယုံကြည် စိတ်အချရဆုံး လက်ထောက်တဦး ဆုံးရှုံးသွားတာဟာ အတော်လေး အထိနာစရာ ဖြစ်ပြီး အထီးကျန် ဆန် သွားလိမ့်မယ်လို့ နိုင်ငံရေးဆိုင်ရာ ဘီဘီစီ အယ်ဒီတာက သုံးသပ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဗြိတိန် ဝန်ကြီး ရာထူးကနေ အထုတ်ပယ်ခံရ ဗြိတိန် ဝန်ကြီး ရာထူးကနေ အထုတ်ပယ်ခံရ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.