၃ လသား အရွယ် ကျားပေါက်ငယ် နှစ်ကောင်အား အများပြည်သူ ကြည့်ရှုနိုင်ရန် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ပြသထား

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ပြသထားသည့် ကျားပေါက်ငယ် နှစ်ကောင်အား တွေ့ ရစဉ်(ဆင်ဟွာ)
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

    တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ထိန်းသိမ်း စောင့်ရှောက်ထားသော ကျားထီး မိုက် နှင့် ကျားမ ဒေစီ တို့ မှ ပေါက်ပွားခဲ့သည့် အသက် ၃ လသား အရွယ် ကျားငယ်လေး နှစ်ကောင်အား အများပြည်သူ ကြည့်ရှုနိုင်ရန် ဒီဇင်ဘာ ၅ ရက်တွင် စတင် ပြသခဲ့ကြောင်း သိရသည်။


ထိုကျားငယ်လေး နှစ်ကောင်အား ကျားထီး မိုက် နှင့် ကျားမ ဒေစီ တို့ မှ စက်တင်ဘာလ ၅ ရက်တွင် ပေါက်ပွားခဲ့ခြင်း ဖြစ်ပြီး ကျားငယ် နှစ်ကောင် နှင့် မိခင် ကျား (မ) ကြီး ကို သီးသန့်ထားရှိပြီး စနစ်တကျ ပြုစုစောင့်ရှောက်ထားခဲ့ရာမှ ယခုအခါတွင် အများပြည်သူ ကြည့်ရှုနိုင်ရန် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ တိရစ္ဆာန် မျိုးစိတ်ပေါင်း ၃၅၀ ၀န်းကျင်ခန့် ရှိပြီး အကောင်ရေပေါင်း ၁၄၀၀ ခန့် ရှိကာ မြေဧက အားဖြင့် ၅၇ ဧက အကျယ်အ၀န်း ရှိကြောင်း သိရသည်။တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို ၁၉၀၆ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် နှစ်ပေါင်း ၁၁၁ နှစ်ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
၃ လသား အရွယ် ကျားပေါက်ငယ် နှစ်ကောင်အား အများပြည်သူ ကြည့်ရှုနိုင်ရန် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ပြသထား ၃ လသား အရွယ် ကျားပေါက်ငယ် နှစ်ကောင်အား အများပြည်သူ ကြည့်ရှုနိုင်ရန် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ပြသထား Reviewed by THITHTOOLWIN on 12:11 Rating: 5
Powered by Blogger.