ရိုဟင်ဂျာပြဿနာကြောင့် ချက်ဗရွန် ရေနံကုမ္ပဏီလုပ်ငန်းရပ်ဖို့ စဉ်းစားနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ မွတ်စလင်ဒုက္ခသည်တချို့ကို တွေ့ရစဉ် / Photo: BenarNews
မြန်မာနိုင်ငံမှာ ရေနံရှာဖွေထုတ်လုပ်နေတဲ့ အမေရိကန်အခြေစိုက် ချက်ဗရွန် (Chevron) ကုမ္ပဏီအနေနဲ့ လုပ်ငန်းတွေရပ်လိုက်ဖို့ အစုရှယ်ယာဝင်တွေရဲ့ ဆုံးဖြတ်ချက်ကျအောင်တင်ပြမယ်လို့ ရှယ်ယာဝင်တဦးက ပြောလိုက်ပါတယ်။ ရိုဟင်ဂျာတွေကိုဖိနှိပ်နေလို့ဆိုပြီး ချက်ဗရွန် ရဲ့အစုရှယ်ယာ ဝင်ဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ Azzad ကုမ္ပဏီက ဒီကိစ္စကို ကြိုးစားနေတာပါ။

လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ကျုးလွန်နေတယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ မြန်မာအစိုးရနဲ့စီးပွားရေး လုပ်နေတာကို ဘယ်လိုရှောင်လွှဲနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာရမယ်လို့ ဆိုပါတယ်။

ချက်ဗရွန်ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုက ဒုတိယအကြီးဆုံးရေနံကုမ္ပဏီဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ယူနိုကယ်မြန်မာကုမ္ပဏီနဲ့ အကျိုးတူရင်းနှီးမြှုပ်နှံ ထားပါတယ်။

မြန်မာနိုင်ငံမှာစီးပွားရေးလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား အရေးပေးတယ်ဆိုတာလုပ်ဖို့ လိုအပ်ပြီး၊ မြန်မာနိုင်ငံကလုပ်ငန်းတွေရပ်မလားဆိုတာ ရှယ်ယာဝင်တွေ ကြားဆွေးနွေးနေတယ်လို့ ချက်ဗရွန် ကုမ္ပဏီပြောခွင့်ရသူက ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရိုဟင်ဂျာပြဿနာကြောင့် ချက်ဗရွန် ရေနံကုမ္ပဏီလုပ်ငန်းရပ်ဖို့ စဉ်းစားနေ ရိုဟင်ဂျာပြဿနာကြောင့် ချက်ဗရွန် ရေနံကုမ္ပဏီလုပ်ငန်းရပ်ဖို့ စဉ်းစားနေ Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.