မြန်မာ မှောင်ခိုကြက်သွန်တွေ မဲဆောက်မှာ ဖမ်း


မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို မှောင်ခိုတင်ပို့လိုက်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၁၅ တန်ကို မဲဆောက်မှာ ထိုင်းအကောက်ခွန်နဲ့ စစ်တပ်က ဖမ်းလိုက်ပါတယ်။

အခွန်မဆောင်ဘဲ မှောင်ခိုတင်ပို့လို့ ဖမ်းမိတဲ့အထဲမှာ ဒီပမာဏဟာ အခုနှစ်တွေအတွင်း အများဆုံးလို့ သိရပါတယ်။

တန်ဖိုးအားဖြင့် စုစုပေါင်း ဘတ်ငွေ ၉ သိန်းခွဲဖိုးလောက်ရှိတယ်လို့ မဲဆောက် အကောက်ခွန်ရုံးတာဝန်ခံက ပြောပါတယ်။ အဲဒီကုန်တွေကို ဘယ်ကနေယူလာတာလဲဆိုတာကို ယာဉ်မောင်းသမားက ရှင်းမပြနိုင်ဘူးလို့ သူ့ကိုစစ်ဆေးတဲ့အဖွဲ့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ