ကိုယ်ပိုင်ကားငယ်အား အမြန်ရထားတိုက်မိ လူတစ်ဦး ထိခိုက်ဒဏ်ရာရ


မြို့သစ် ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကံဆွယ်ကျေးရွာအုပ်စု၊ ကံကြီး (တောင်) ကျေးရွာအနီးတွင် အမြန်ရထားနှင့် မော်တော်ကားတိုက်မှု ဒီဇင်ဘာလ (၇) ရက်နေ့ နေ့ လည် ၁ နာရီ ၁၅ မိနစ်ခန့် က ဖြစ်ပွားရာ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း မြို့သစ်မြို့ဘူတာ ဒုရုံပိုင် ဦးသန်းနိုင်မှ ပြောပြသိရှိရသည်။


ဖြစ်စဉ်မှာ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ နေ့ လည် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ဒန့်ဒလွန်ပင်ကျေးရွာမှ မြို့သစ်-တောင်တွင်းကားလမ်းသို့ ဆက်သွယ်သည့် ရထားလမ်းဆုံပေါ်တွင် ဦးမောင်မောင်စိုး (ဘ)ဦးကာလူး စက်ခေါင်းမောင်း ပျဉ်းမနားမြို့ မောင်းနှင်သော နေပြည်တော်-ပခုက္ကူ (၁၀၇) အဆန် RBE-2527 အမြန်ရထားသည် တောင်တွင်းကြီးမှ မြို့သစ်မြို့သို့မောင်းနှင်လာစဉ်နှင့် တောင်တွင်းကြီး ရွှေအိုး(၁)ရပ်ကွက် နေထိုင်သူ ဦးစိန်ရွှေ(၆၇)နှစ်၊ (ဘ) ဦးအောင်မြင့် မောင်းနှင်သည့် ကိုယ်ပိုင်ယာဉ် ခဲရောင် SUZUKI SWIFT အမျိုးအစား (ယာဉ်အမှတ်၊ 6M/---------) မှ ရထားလမ်းအား (အရှေ့မှ အနောက် ) သို့ ဖြတ်သွားစဉ် ရထားဖြင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ကားရှေ့ခေါင်းထဲတွင် လိုက်ပါလာသူ နေလင်းအောင် အသက် ၄၂ နှစ် (ဘ) ဦးအောင်သန်းညွှန် ရွှေအိုး(၁)ရပ်ကွက် တောင်တွင်းကြီးမြို့ နေထိုင်သူတစ်ဦးမှာ (ဝဲ/ယာ)ရင်ဘက်အောင့် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူအား တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည် ။


ဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်တော်ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်ပြီး မီးရထားလမ်းအား ဖြတ်ကူးစဉ် ရထားတိုက်မိကာ ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သူ ဦးစိန်ရွှေအား ဒန်ဒလွင်ပင်နယ်မြေရဲစခန်းမှ ဒီဇင်ဘာ ၇ ရက်နေ့  နေ့ လည် ၂ နာရီ ၄၅ မိနစ်အချိန် (ပ)၃၈/၂၀၁၇ မီးရထားလုပ်ငန်းဥပဒေပုဒ်မ - ၈၅ အရ အရေးယူ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိပါသည်။

လှိုင်ဘွား (မြို့သစ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ