ယီမင်ရှိ ရုရှားသံရုံးအား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ပိတ်ခဲ့ကြောင်း ဟူသီတို့ပြောကြား

ယီမင်နိုင်ငံရှိ ရုရှားသံရုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ဆာနား၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

    ယီမင်နိုင်ငံရှိ သူပုန်များထိန်းချုပ်ထားရာ မြို့တော် ဆာနားမြို့ရှိ ရုရှားသံရုံးမှ သံရုံးအမှုထမ်း ၁၈ဦးကို ရုရှားနိုင်ငံ က ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ရုရှားသံရုံးအား ပိတ်ခဲ့ကြောင်း ဟူသီတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၂ရက် နံနက်ပိုင်းတွင် ရုရှားလေယာဉ်တစ်စီးဖြင့် ဆာနားလေဆိပ်မှ ထွက်ခွာလာသည့် သံရုံးအမှုထမ်းများတွင် ရုရှားသံအမတ်ကြီးလည်းပါဝင်ခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

သူပုန်များထိန်းချုပ်ထားသည့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန မှတာဝန်ရှိသူက အသေးစိတ်အချက်အလက်များအား ပြောကြားရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

ဟူသီသူပုန်များ နှင့် သမ္မတဟောင်း ဆာလတ်အား ထောက်ခံသူများအကြား ဖြစ်ပွားခဲ့သည့် ရက်သတ္တပတ် တစ်ပတ်ကြာ လမ်းမပေါ်တိုက်ပွဲများကြောင့် လူပေါင်း ၂၃၄ဦးသေဆုံးခဲ့ပြီး အခြားလူ ၄၀၀ ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၃၈၃ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ၏ ပြောကြားချက်အရသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ယီမင်ရှိ ရုရှားသံရုံးအား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ပိတ်ခဲ့ကြောင်း ဟူသီတို့ပြောကြား ယီမင်ရှိ ရုရှားသံရုံးအား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ပိတ်ခဲ့ကြောင်း ဟူသီတို့ပြောကြား Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.