လကမ္ဘာနှင့် အင်္ဂါဂြိုဟ်ပေါ်သို့ အမေရိကန် အာကာသယာဉ်မှူးများ စေလွှတ်ရန် သမ္မတ ထရမ့် ညွှန်ကြား


    ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းတို့ အစိုးရအဖွဲ့၏ အာကာသရေးရာမူဝါဒ ပထမဆုံး ညွှန်ကြားချက်အဖြစ် လကမ္ဘာနှင့် အင်္ဂါဂြိုဟ်ပေါ်သို့ အာကာသယာဉ်မှူးများ ထပ်မံစေလွှတ်ရန် အမေရိကန် အာကာသလုပ်ငန်း NASA သို့ ညွှန်ကြားမှုအား ဒီဇင်ဘာလ ၁၁ ရက်က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

“ကျွန်တော် ဒီနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ ညွှန်ကြားချက်က လူသားတွေရဲ့ စူးစမ်း ရှာဖွေရေး အမေရိကန် အာကာသ အစီအစဉ်ကို ဦးတည်လုပ်ဆောင်စေမှာ ဖြစ်ပါတယ်” ဟု အိမ်ဖြူတော် အခမ်းအနားတစ်ခုတွင် ထရမ့်က ပြောကြားခဲ့သည်။

“၁၉၇၂ ခုနှစ် ကာလရှည် စူးစမ်းရှာဖွေမှု လုပ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာကို အမေရိကန် အာကာသယာဉ်မှူးတွေ ပြန်လည် ခြေချနိုင်မယ့် အရေးကြီးဆုံး အဆင့်ပါပဲ” ဟု ထရမ့်က ပြောခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
လကမ္ဘာနှင့် အင်္ဂါဂြိုဟ်ပေါ်သို့ အမေရိကန် အာကာသယာဉ်မှူးများ စေလွှတ်ရန် သမ္မတ ထရမ့် ညွှန်ကြား လကမ္ဘာနှင့် အင်္ဂါဂြိုဟ်ပေါ်သို့ အမေရိကန် အာကာသယာဉ်မှူးများ စေလွှတ်ရန် သမ္မတ ထရမ့် ညွှန်ကြား Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.