ဟောင်ကောင်မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

Photo: 黃之鋒 Joshua Wong facebook
တနင်္ဂနွေနေ့က ဟောင်ကောင်မှာ Joshua Wong လို အထင်ကရ ဒီမိုကရေစီရေးလုပ်ရှားသူတွေ ဦးဆောင်ပြီး လူ ၁၀၀၀ ကျော်ပါဝင်တဲ့ အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲ ကျင်းပပါတယ်။

တက်ကြွလှုပ်ရှားသူတွေ အဆိုအရ တရုတ်လက်အောက်မှာရှိတဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဟာ သူ့ရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရတော့မယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။ အဓိကက မကြာခင်ပြဌာန်းဖို့ရှိတဲ့ ဥပဒေသစ်တွေအပေါ်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

အခုဆန္ဒပြပွဲကို ဦးဆောင်သူ Joshua Wong ၂၁ နှစ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ၂၀၁၄ ခုနှစ်က ဟောင်ကောင် တစ်မြို့လုံးပါဝင်ခဲ့တဲ့ ထီးလှုပ်ရှားမှုကို ဦးဆောင်ခဲ့လို့ ထောင်ကျခဲ့ပြီး လာမယ့် ကြာသပတေးနေ့မှာ နောက်အမှုတစ်ခုကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Joshua Wong က ဘယ်သူမှတော့ ထောင်ကျမခံချင်ပါဘူး ဒါပေမဲ့ ဒိီမိုကရေစီရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကျနော် ပေးဆပ်မှာဖြစ်ပါတယ်လို့ AFP သတင်းဌာနကို ပြောဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ