လှိုင်သာယာမှာ (၈၉)နှစ် အဖွားကို (၂၆) နှစ်လူငယ်က မုဒိန်းကျင့်မှုဖြစ်ပွား


ဒီဇင်ဘာလ ၆ ရက်နေ့  ညနေ ၀၆:၃၀ အချိန်ခန့်က လှိုင်သာယာမြို့ နေ ဒေါ်------- (၈၉)နှစ်သည် ကျန်းမာရေး အတွက် လမ်းလျှောက်ထွက်လာရာ အမှတ် ၆ ရပ်ကွက် ဦးပုညလမ်းအရောက်တွင် နေအိမ်သို့ မကြာခဏ ဝင်ထွက်သွားလာနေသူ လူငယ်တစ်ဦးမှ ဘုရားလိုက်ပို့ပေးမည်ဟုပြောကာ ဆိုက္ကားဖြင့်တင်ခေါ်ပြီး ကိုင်းတောထဲမှာ အတင်းအဓမ္မ သားမယားပြုမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဒေါ် ----- (၈၉)နှစ် အဖွားမှာ ရဲနိုင် (၂၆)နှစ် ( ဖ)ဦးဝင်းနိုင် နှင်းဆီခိုင်အဆောင် အေးမြသာယာလမ်း (၁၄)ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူမှ ဘုရားလိုက်ပို့ပေးမည်ဟုပြောကာ ဆိုက္ကားဖြင့်တင်ခေါ်ကာ အမှတ်(၆)ရပ်ကွက် ဖွံ့ဖြိုးအောင်အိမ်ရာဝင်းအတွင်းရှိ ကိုင်းတောထဲသို့ ခေါ်ဆောင်သွားပြီး အတင်းတွန်းလှဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြာင်း သိရှိရပါသည်။

 အမှုမှ ရဲနိုင်(၂၆)နှစ် (ဖ)ဦးဝင်းနိုင် နှင်းဆီခိုင်အဆောင် အေးမြသာယာလမ်း (၁၄)ရပ်ကွက် လှိုင်သာယာနေသူအား အချိန်မှီ ဖမ်းဆီးကာ လှိုင်သာယာမြို့မ ရဲစခန်းမှ ပ/၄၆၅၀/၁၇ ပုဒ်မ/၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။

သတင်း - ဓါတ်ပုံ ။ ။Tin Naing Tun

လှိုင်သာယာမှာ (၈၉)နှစ် အဖွားကို (၂၆) နှစ်လူငယ်က မုဒိန်းကျင့်မှုဖြစ်ပွား လှိုင်သာယာမှာ (၈၉)နှစ် အဖွားကို (၂၆) နှစ်လူငယ်က မုဒိန်းကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:49 Rating: 5
Powered by Blogger.