ပုသိမ်တွင် လေယာဉ်အပိုင်းအစတစ်ခု အိမ်အမိုးပေါ်ပြုတ်ကျမှု ဖြစ်ပွား


ပုသိမ်၊ ဒီဇင်ဘာ ၎

ပုသိမ်မြို့ အမှတ် (၁) နယ်မြေ ငါးအောက်ချောင်း တိုးချဲ့ရပ်ကွက် (၄) ရှိ ဦးသက်ဦး၏ အိမ်ခေါင်မိုးပေါ်သို့ ဒီဇင်ဘာ၃ရက် ညနေပိုင်းတွင် လေယာဉ်အစိတ်အပိုင်းဟု ယူဆရသော အဖြူရောင် အရာဝတ္တုတစ်ခုပြုတ်ကျလာခဲ့ကြောင်းသိရှိရသည်။

ယင်းနေ့ ညနေပိုင်းတွင် ဦးသက်ဦးနှင့်ဇနီးတို့ရှိနေစဉ် အိမ်အမိုးပေါ်မှ ကြီးမားသော အသံကြား၍ ထွက်ကြည့်ရာ အိမ်အမိုးတွင် စိုက်နေသော အဖြူရောင်အရာဝတ္တုတစ်ခုကို မြင်တွေ့ခဲ့ကြောင်းသိရှိရသည်။

ထိုအစိတ်အပိုင်းကို ယနေ့မနက်တွင် ပုသိမ်လေတပ်ဌာနချုပ်မှ တာဝန်ရှိသူများမှ လာရောက်သိမ်းဆည်းခဲ့ ကြောင်းသိရသည်။

ပုသိမ်လေတပ်စစ်ဌာနချုပ်မှ လေယာဉ်အစိတ်အပိုင်းမဟုတ်ကြောင်း ပုဂ္ဂလိက လေကြောင်းလိုင်းမှ လေယာဉ်အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ကြောင်းကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးပြီး သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပုသိမ်လေတပ်မှတာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

အောင်အောင်/ဧရာဝတီတိုင်းမ်
ဓါတ်ပုံ - ကိုလတ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ပုသိမ်တွင် လေယာဉ်အပိုင်းအစတစ်ခု အိမ်အမိုးပေါ်ပြုတ်ကျမှု ဖြစ်ပွား ပုသိမ်တွင် လေယာဉ်အပိုင်းအစတစ်ခု အိမ်အမိုးပေါ်ပြုတ်ကျမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.