တာချီလိတ် ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာ ၂၆ ရက်၊ မွန်းလွဲပိုင်းက မယ်ဆိုင်ချောင်းရေဆိပ်မှ သေနတ်ပြောင်းအရှည် နှစ်လက် သယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲအုပ် ကိုကိုဦး ပါဝင်သည့် တပ်ဖွဲ့ဝင်များသည် ရပ်ကွက် များအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်း၊ မယ်ဆိုင်ချောင်းရေဆိပ်မှ တရားမ၀င်ဖြတ်သန်းဝင်ရောက်လာပြီး လမ်းလျှောက်လာသည့် ကျာယော်(ဘ)ဦးယောတု ၊ ပုံစိတ်ကျေးရွာ၊ ကျိုင်းတုံမြို့နယ်နေသူထံမှ Remington အမျိုးအစား အရှည် (၃ပေ၊၄လက်မ)ရှိ နံပါတ် AB 663/55M သေနတ် တစ်လက်၊ ကျားရုပ်တံဆိပ် Made in Belgium စာတမ်းပါ အရှည်(၄)ပေခန့်ရှိ ပြောင်းချောသေနတ် တစ်လက် နှင့်အတူ GUN GUARD စာတမ်းပါ သေနတ်နှစ်လက်ထည့်သည့် အနက်ရောင် ကော်ဘူး တစ်ဘူးတို့ကို တွေ့ရှိ သိမ်းဆည်းရမိပြီး၊ ၄င်း ကျာယော် ကို စစ်မေးရာ သေနတ်နှစ်လက်အား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ အမည်မသိ သူတစ်ဦးထံမှ ရယူသယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားမ၀င်သေနတ် နှစ်လက် နှင့်အတူ ဖမ်းဆီးရမိသည့် ကျာယော်အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၂၅၄/၂၀၁၇ ၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဝေယံလင်း
Iprd Tachileik
https://www.facebook.com/Iprd.tachileik
တာချီလိတ်၌ မယ်ဆိုင်ချောင်းရေဆိပ်မှ သေနတ်အရှည်နှစ်လက် သယ်ဆောင်လာသူအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
21:53
Rating:
