မိုးကောင်းမှာ ကျပ်သိန်း(၄၉၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ


မိုးကောင်း| ဒီဇင်ဘာ-၁

မိုးကောင်းမြို့နယ် နောင်ကိုင်တော်ရုံးဟောင်းဈေး လမ်းဆုံ၌ ကျပ်သိန်း(၄၉၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်(၆)နာရီတွင် ဖမ်းဆီးရမိ ကြောင်း သိရသည်။

မူးယစ်ဆေး(၁၀)ဂရမ်ပါ ဆပ်ပြာခွက်(၅၅)ခွက်နှင့် WY စာတန်းပါဆေးပြား(၁၁၀၀) ပြားအား ဖမ်းဆည်းရမိခြင်းဖြစ်ပြီး ဒေသပေါက်ဈေးအရ ကျပ် သိန်း(၄၉၀)ကျော်ရှိ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နတ်ကြီးကုန်းရပ်ကွက်နေ ဒေါ်ခေါန်ဖန်(၄၈)နှစ်နှင့် မမေရီဘောက်မိုင်(၂၀)နှစ် တို့သည် ဆိုင်ကယ်ဖြင့် ရုံးဟောင်းဈေးလမ်းဆုံဒေါင့် တွင်ရောက်ရှိနေစဉ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ဧရာဦးစစ်ဆင်ရေးစီမံချက်ဖြင့် ရောက်ရှိနေ သော မူးယစ်တပ်ဖွဲ့စု(၃)မှရဲအုပ် နေလင်းထွန်း| ရဲအုပ်စိုးမြင့်ထွန်းနှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များက သတင်းအရရှာဖွေ စစ်ဆေးရာ Kenbo အနက်ရောင် ဆိုင်ကယ်ရှေ့တွင်တင်ဆောင် လာသော Double Buffaloတံဆိပ်ပါ ပီနံအိတ်ဖြင့်ထည့်ထားသည့် အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ ဒေါ်ခေါန်ဖန်အားခေါ်ဆောင်၍ ၄င်း၏နေအိမ်သို့ မူးယစ်ဆေးဝါးဖမ်းဝရမ်း ဖြင့်ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံစည်းရိုး ထောင့်တွင် WY စာတမ်းပါ အနီရောင်စိတ် ကြွဆေးပြား(၁၁၀၀)ပြားကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

အလားတူ နတ်ကြီးကုန်းရပ်ကွက် နောင်းပုံအုပ်စုနေ ဒေါ်ဆိုင်းရော်ထံမှ ဝယ်ယူရ ရှိကြောင်းသိရသဖြင့် မူးယစ်ဆေး ဖမ်းဝရမ်းဖြင့် ဆက်လက်ရှာဖွေရာ မူးယစ် ဆေးများမတွေ့ရပဲ ၄င်းအိမ်ရှင်သာ တွေ့ရသည်။

အဆိုပါ သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရှိသူ ဒေါ်ခေါန်ဖန်| မမေရီဘောက်မိုင်နှင့် ၄င်းပစ္စည်းများရောင်းချပေးသူ ဒေါ်ဆိုင်းရော်(၄၆)နှစ်တို့အား မူးယစ်ဆေးနှင့်စိတ်ကို ပြောင်းလဲစေသောပုဒ်မအရ မိုးကောင်းမြို့မ ရဲစခန်းက အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

သန်းလွင်ဦး| ဓါတ်ပုံ-၂(ပြန်/ဆက်) / မိုးကောင်း

မိုးကောင်းမှာ ကျပ်သိန်း(၄၉၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ မိုးကောင်းမှာ ကျပ်သိန်း(၄၉၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.