ခြောက်ဘီးကားနှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွား ဆိုင်ကယ်ပေါ်လိုက်ပါလာသူ သုံးဦးစလုံး သေဆုံး


ဘုတလင်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်ရှိ မုံရွာ-ရေဦးသွားကားလမ်းမပေါ်တွင် ဒီဇင်ဘာ ၂၀ ရက်ညနေပိုင်းက ခြောက်ဘီးကားနှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ပေါ်လိုက်ပါလာသူ သုံးဦးစလုံး သေဆုံးခဲ့ကြောင်း ဘုတလင်မြို့မရဲစခန်းမှ သိရသည်။

ဘုတလင်မြို့နယ် ပဲပြစ်တော(အနောက်)ကျေးရွာ မုံရွာ-ရေဦးသွား ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ်၂/၁၀၉ အနီးတွင် တောင်မှမြောက်သို့ မောင်းနှင်လာသည့် ခြောက်ဘီးတတ် ဟီးနိုးကားနှင့် မြောက်မှတောင်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တို့မှာ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ ခွဲကျော်ခန့်က အရှိန်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

၎င်းယာဉ်တိုက်မှု ကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် ၃၃ နှစ်အရွယ် မုံရွာမြို့နယ် မင်းတဲရွာသား ကိုဇော်မိုးသူမှာ ၀ဲလက်ကျိုး၊ ၀ဲမျက်ခုံးပေါက်ပြဲ၊ နှာခေါင်းသွေးထွက် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ပင်သေဆုံးခဲ့ပြီး၊ ဆိုင်ကယ်အနောက်မှ ထိုင်လိုက်လာသည့် အသက် ၂၈ နှစ်အရွယ် တရွာတည်းနေ မမြင့်မြင့်မိုးမှာလည်း ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာနှင့် ယာပေါင်ကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဆိုင်ကယ်အနောက်မှ ထိုင်လိုက်လာသူ နောက်တစ်ဦးဖြစ်သည့် အသက် ၅ နှစ်အရွုယ် မအေးအေးမိုးမှာလည်း ၀ဲပေါင်ကျိုးဒဏ်ရာနှင့် ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ခြောက်ဘီးကားမောင်းနှင်သူ အသက် ၅၃ နှစ်အရွယ် ဦးဝင်းဇော်နှင့် ဆိုင်ကယ်မောင်းနှင်သူ ဇော်မိုးသူ(သေဆုံး)တို့ နှစ်ဦးအား ဒုရဲအုပ် တင်မောင်သင်းမှ တရားလိုပြုလုပ်တိုင်တန်း၍ ဘုတလင်မြို့မရဲစခန်းယာဉ်(ပ)၄၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)အရ ဥပဒေနှင့်အညီ အရးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လေး ငယ်ငယ်
https://www.facebook.com/www.myasoe453
ခြောက်ဘီးကားနှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွား ဆိုင်ကယ်ပေါ်လိုက်ပါလာသူ သုံးဦးစလုံး သေဆုံး ခြောက်ဘီးကားနှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွား ဆိုင်ကယ်ပေါ်လိုက်ပါလာသူ သုံးဦးစလုံး သေဆုံး Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.