ရေခဲသေတ္တာဆေးကတ်စ် အပူလွန်ခဲ့ရာမှ မီးလောင်မှုဖြစ်ပွား


မော်လမြိုင်မြို့ - ဒီဇင်ဘာ ၃၁

ချောင်းဆုံမြို့နယ် ကညောကျေးရွာ အပေါ်ခြံစုတွင် ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်(၄)နာရီခွဲအချိန်ခန့်က အိမ်ရှင်ဦးထွန်းရွှေ၏နေအိမ်တွင် ရေခဲသေတ္တာဆေးကတ်စ် အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ချောင်းဆုံမြို့နယ်မီးသတ်ဦးစီးဌာနဒုဦးစီးမှူးဦးလွင်မင်းပိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များမော်လမြိုင်မြို့မှမီးသတ်ယာဉ်များ၊ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဖုန်းနိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာနေပြည်သူများမှမီးသတ်ယာဉ်(၇)စီးတို့ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာမီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့်ဦးထွန်းရွှေ၏နေအိမ်သွပ်မိုးပြင်ခင်းပြင်ကာဦးမောင်ဇော်၏နေအိမ်သွပ်မိုးပြင်ခင်းပြင်ကာနေအိမ်နှင့်ဦးဒွတ်၏နေအိမ်ဓနိမိုး၊ဓနိကာ၊ပြင်ခင်းနေအိမ်(၃)လုံးမီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီးမီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းနှင့်မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားသောအိမ်ရှင်ဦးထွန်းရွှေကိုသက်ဆိုင်ရာနယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

တင်ထွဋ် (မော်လမြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ