ပဲခူးရိုးမတောင်ပေါ်တွင် စကားအချေအတင်များရာမှ လူသတ်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် ပဲခူးရိုးမတောင်ပေါ်မှာ ဒီဇင်ဘာ ( ၁၀ ) နေ့လယ်(၁)နာရီဝန်းကျင်ခန့်က စကားများပြီး လူသတ်မှုဖြစ်ပွားခဲ့ကာ လူငယ်(၁)ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

 ဖြစ်စဉ်မှာ ဂျို့ချောင်းအုပ်စု လှေတော်ခုံကျေးရွာနေ အမျိုးသား(၂)ဦး ဟာ ပဲခူးရိုးမတောင်ပေါ် ကျန်ကျောင်းချောင်းဘေး မှာ အလုပ်ကိစ္စအချေအတင်စကားပြောနေရာက စကားထများကြတာ ဖြစ်ပါတယ်။

 အဲဒီလိုစကားများရင်း သံလုံးက အောင်ကျော်စိုးကို ဓား နဲ့ ခုတ်လိုက်ရာ လည်ပင်းမှာ ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး မြို့ချောင်းဆေးရုံကို ပို့ဆောင်ကုသမှုခံယူနေစဉ်သေဆုံးခဲ့တာဖြစ်တယ်လို့ရဲမှတ် တမ်းမှာဖော်ပြထားပါတယ်။

 ဖြစ်စဉ် နဲ့ ပက်သက်ပြီး ဓားနဲ့ ခုတ်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲအမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကိုပဲ့ကိုင်ရှင် ( ညောင်လေးပင် ) ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ပဲခူးရိုးမတောင်ပေါ်တွင် စကားအချေအတင်များရာမှ လူသတ်မှုဖြစ်ပွား ပဲခူးရိုးမတောင်ပေါ်တွင် စကားအချေအတင်များရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.