ရိုက်တာရဲ့ မြန်မာသတင်းထောက် ၂ ဦး ထိန်းသိမ်းခံရ

ဖမ်းဆီးခံရသူ တဦးဖြစ်သူ သတင်းထောက် ဝလုံး (ကိုသက်ဦးမောင်)
မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ယောက်ကို ထောက်ကြန့် ရဲစခန်းမှာ အစိုးရအာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ရိုက်တာသတင်းဌာနရဲ့ သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ရဲ့ လက်ထဲမှာ မောင်တောမြို့နယ် လုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာ မိတ္တူ တချို့ တွေ့ရှိခဲ့တာကြောင့် ထောက်ကြန့်ရဲစခန်းမှာ အစိုးရလျို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့် စစ်ဆေးခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

အခုလောလောဆယ် သူတို့ နှစ်ယောက်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ ဆိုတာကိုတော့ အတည်ပြု လို့ မရသေးပါဘူး။

အခု ဖြစ်စဉ် အတွက် ရန်ကုန် ရိုက်တာရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် အီးမေးလ်နဲ့ ပြန်လည် အတည်ပြုပေးမယ်လို့သာ အကြောင်းပြန်ပါတယ်။

ထောက်ကြန့်ရဲစခန်းကိုလည်း ဘီဘီစီက ဆက်သွယ်ဖို့ ကြိုးစားနေပြီး အခုအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။

ကိုဝလုံးရဲ့ အမျိုသမီး ဖြစ်သူကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ ၁၂ ရက်နေ့ (မနေ့) ညနေက သူ့ အမျိုးသားနဲ့ နောက်ဆုံး တွေ့ရှိခဲ့ပြီး အဲဒီ နောက်ပိုင်းမှာတော့ အဆက်အသွယ် မရ ဖြစ်နေတယ်လို့ ပြန်လည် ဖြေကြားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရိုက်တာရဲ့ မြန်မာသတင်းထောက် ၂ ဦး ထိန်းသိမ်းခံရ ရိုက်တာရဲ့ မြန်မာသတင်းထောက် ၂ ဦး ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.