ဘိုကလေးမြို့ နယ် စက်ဆန်းကျေးရွာတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား အိမ် (၆)လုံး ပျက်စီးဆုံးရှုံး


ဘိုကလေး ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊ စက်ဆန်းကျေးရွာအုပ်စု ၊ စက်ဆန်းကျေးရွာ အမှတ်(၃) နယ်မြေ ကမ်းနားလမ်း၊ ခမမပည (GN 547765) နေ ဒေါ်မြင့်မြင့်စန်း (၄၆)နှစ်(ဘ) ဦးသံချိတ် ၊(၁၄/ဘကလ (နိုင်) ၁၈၁၆၃၁) ၊ ကုန်ခြောက်ဆိုင် RC နှစ်ထပ် နေအိမ်မှ ဒီဇင်ဘာ (၁၃) ရက် နံနက် (၆) အချိန်တွင် ဘုရားမီး ပူဇော်သည့် ဖယောင်းတိုင်မီးမှ စတင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

မီးလောင်ရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ ရှိ ပြည်သူလူထုများ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် နံနက် (၇) အချိန်၌ မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် အိမ် (၆)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ စက်ဆန်းနယ်မြေ ရဲစခန်း (ပ)၆၃/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ (၂၈၅)အရ စက်ဆန်း နယ်မြေ ရဲစခန်းမှူး ရဲအုပ်အေးမြင့်မှ တရားလို ပြုလုပ်အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ဘိုကလေး(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဘိုကလေးမြို့ နယ် စက်ဆန်းကျေးရွာတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား အိမ် (၆)လုံး ပျက်စီးဆုံးရှုံး ဘိုကလေးမြို့ နယ် စက်ဆန်းကျေးရွာတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား အိမ် (၆)လုံး ပျက်စီးဆုံးရှုံး Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.