ပုသိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်းရှိ ချုံပုတ်အတွင်း အမျိုးသမီးအလောင်းတွေ့ရှိ


ပုသိမ်မြို့ ၊ ကန်သုံးဆင့် ရဲ့ ကန်ပတ်လမ်းရှိ ချုံတောထဲမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်လောင်းကို ဒီဇင်ဘာ(၇)ရက်ကပုသိမ်မြို့ နေပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရတွေ့ ရှိခဲ့တယ်လို့ ပုသိမ်မြို့ ၊ မြို့ မရဲစခန်း ကနေသိရပါတယ်။

 အဲဒီပုပ်ပွသေဆုံးနေတဲ့ အမျိုးသမီးဟာ ပုသိမ်မြို့ ရေကြည်ဦး(၁၀)လမ်း၊ ရကအ(၁၂)မှာနေထိုင်တဲ့ မမိုးမိုးခိုင်(ခ)ကရင်မ ဖြစ်ပြီး။ အဲဒီ ချုံတော ထဲမှာ လွန်ခဲ့တဲ့(၁၀)ရက်ကတည်းက သေဆုံးနေတာ ဖြစ်နိုင်တယ်လို့မြို့ မရဲစခန်းကသုံးသပ် ထားပါတယ်။

 သေဆုံးသူအမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ပေမယ့် သေဆုံးမှုဟာ ဓမ္မာတာအတိုင်းသေဆုံးတာ ဟုတ်၊မဟုတ် စစ်ဆေးနေပြီး ပုသိမ်မြို့၊ မြို့ မရဲစခန်းကနေ သေမူသေခင်း အမှတ်စဉ်(၁၆/၂၀၁၇)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို ပုသိမ်ဗျူရိုက စိုးမြင့်ဦးပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ပုသိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်းရှိ ချုံပုတ်အတွင်း အမျိုးသမီးအလောင်းတွေ့ရှိ ပုသိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်းရှိ ချုံပုတ်အတွင်း အမျိုးသမီးအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.