လပခဘောလုံးအသင်းမှ တပ်ကြပ်ကြီးတစ်ဦး မင်္ဂလာဒုံကွင်းတွင် ဘောလုံးကစားစဉ် ကွင်းအတွင်းလဲ ကျသေဆုံး

ဓာတ်ပုံ- မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၉။

မကွေးတိုင်ဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပုခန်းငယ်ရွာ တွင် နေထိုင်ပြီး တပ်မတော်တွင် တပ်ကြပ်ကြီးရာထူးဖြင့် တိုင်းပြည် တာဝန်များအား ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်၊ လပခ အသင်း၏ အားထားရသည့် ကစားသမားတစ်ဦးလည်း ဖြစ်သူ အသက် (၂၄)နှစ်အရွယ် မောင်ဗညားသည် ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကက(ရေ) နှင့် လပခ ပွဲစဉ်တွင် ကွင်းအတွင်း လဲကျခဲ့ကြောင်း၊ ၄င်းမှာ ဆေးကုသမှု ခံယူခဲ့သော်လည်း အသက်ဆုံးရှုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကယနေ့ ဒီဇင်ဘာလ ၁၉ ရက်တွက်သတင်းထုတ်ပြန်သည်။

ပြိုင်ပွဲကစားစဉ် လဲကျပြီး အသက်ဆုံးရှုံးသွားခဲ့သည့် မောင်ဗညား၏ မကွေးတိုင်း၊ ရေစကြိုမြို့နယ်.ပုခန်းငယ်ရွာရှိ နေအိမ်သို့ ဒီဇင်ဘာလ ၁၇ ရက် က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် နေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်တို့မှ သွားရောက်၍ ကျန်ရစ်သူ မိသားစုဝင်များအား တွေ့ဆုံအားပေးနှစ်သိမ့်ခဲ့ပြီးနာရေးထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊
ဘောလုံးအားကစားကို ချစ်မြတ်နိုးသော တပ်ကြပ်ကြီး ဗညား ကောင်းရာသုဂတိ ရောက်ရှိပါစေဟု မြန်မာ့ ဘောလုံးလောကသား အားလုံးကိုယ်စား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်
က ဆုမွန်တောင်းအပ်ပါကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

နွယ်နီ
The Asia Heart News
လပခဘောလုံးအသင်းမှ တပ်ကြပ်ကြီးတစ်ဦး မင်္ဂလာဒုံကွင်းတွင် ဘောလုံးကစားစဉ် ကွင်းအတွင်းလဲ ကျသေဆုံး လပခဘောလုံးအသင်းမှ တပ်ကြပ်ကြီးတစ်ဦး မင်္ဂလာဒုံကွင်းတွင် ဘောလုံးကစားစဉ် ကွင်းအတွင်းလဲ ကျသေဆုံး Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.