ဒုက္ခသည်စခန်းမှာ ဆုံဆို့နာ ရောဂါကြောင့် သေဆုံးသူ ၂၁ ဦးရှိ


ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကိုထားရှိရာ ကောက်စ်ဘဇား ဒုက္ခသည်စခန်းတွေမှာ ဆုံဆို့နာရောဂါကြောင့် သေဆုံးသူ ၂၁ ဦးရှိသွားပြီလို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ ဆုံဆို့နာရောဂါ ကူးစက်ခံထားရတယ်လို့ မသင်္ကာသူ ၁၅၇၁ ဦး စာရင်းသွင်းထားကြောင်းသိရပါတယ်။ ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွေလည်း စတင်နေပါတယ်။

ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရေးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ခဲ့ပြီး၊ သီတင်း ၆ ပတ်ကနေ ၆ နှစ်အရွယ် ကလေးငယ်တွေကို ထိုးနှံပေးခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ အသက် ၇ နှစ်ကနေ ၁၅ နှစ်အရွယ်တွေကို ထိုးနှံပေးနေပါတယ်။

Photo: Reuters
RFA Burmese
https://www.facebook.com/rfaburmese
ဒုက္ခသည်စခန်းမှာ ဆုံဆို့နာ ရောဂါကြောင့် သေဆုံးသူ ၂၁ ဦးရှိ ဒုက္ခသည်စခန်းမှာ ဆုံဆို့နာ ရောဂါကြောင့် သေဆုံးသူ ၂၁ ဦးရှိ Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.