ယာဉ်တိုက်ခံရသည့် အမျိုးသမီးကို အခြားယာဉ်တစ်စီးက ထပ်မံကြိတ်မိ

ဓါတ်ပုံ - ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့
ရန်ကုန် ဒီဇင်ဘာ ၂ဝ

ယာဉ်တိုက်ခံရသည့် အမျိုးသမီးကို အခြားယာဉ်တစ်စီးမှ ထပ်မံ ကြိတ်မိပြီး မောင်းနှင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်၌ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့  နံနက် ၅ နာရီ မိနစ် ၄ဝ ခန့်က မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမရှိ (၁၂) လမ်း မှတ်တိုင်အနီး ၌ လမ်းဖြတ်ကူးသည့် အမျိုးသမီး(၄ဝ)နှစ်ခန့်အား ယာဉ် (စုံစမ်းဆဲ)တစ်စီးက တိုက်၍ ထွက်ပြေးမောင်းနှင်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်ခံရသူအမျိုးသမီးမှာ လမ်းပေါ်လဲကျနေ စဉ် နောက်မှမောင်းနှင်လာသော အခြားယာဉ်(စုံစမ်းဆဲ)တစ်စီးက ယာဉ်တိုက်ခံရသော အမျိုးသမီးအား ထပ်မံကြိတ်မိ၍ ချိတ်ပါခဲ့ရာ အမှတ်(၃)လမ်းမ ညောင်ပင်မှတ်တိုင်အနီးထိ ချိတ်ပါခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာအနီးရှိ တာဝန်သိပြည်သူများက ပုလဲ မြို့သစ်အရန်မီးသတ်တပ်ဖွဲ့သို့ ဖုန်းဆက်အကူအညီတောင်းခံခဲ့သဖြင့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီခဲ့ ပြီး သေဆုံးသူအမျိုးသမီးအလောင်းအား သက်ဆိုင်ရာသို့ အပ်နှံ ကူညီခဲ့ကြောင်း၊ သေဆုံးသူအမျိုးသမီး နှင့်အတူ ပါရှိလာသော တန်ဖိုးရှိပစ္စည်းများဖြစ်သည့် နားကပ် တစ်ရန်၊ ငွေစုစာအုပ်၊ ဖုန်းတစ်လုံးနှင့် ငွေကျပ် ၂ဝဝဝဝ တို့အား ဆေးရုံမှုခင်းရဲထံသို့ အပ်နှံဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ပွင့်သစ္စာ
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ