ထိုင်း ငါးခိုးလှေတစ်စင်း ဖမ်းဆီးရမိ

ကော့သောင်းမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း တရားမ၀င်ငါးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ကော့သောင်းမြို့၏ အနောက်တောင်ဘက် ၆၄ မိုင်ခန့်အကွာ သို့အရောက်၌ ကျောက်ချ၍ တရားမ၀င် ငါးဖမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော စက်မကြီး HINO EK 100 ခြောက်လုံးထိုး၊ 280 HP ခန့် တစ်လုံးတပ်ဆင်ထားသော အလျား ၄၃ ပေ၊ အနံ ၁၃ ပေ၊ ရေစူး ၆ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ထိုင်း စာတန်းနှင့် အင်္ဂလိပ်အက္ခရာ AS-3144 M ပါ ထိုင်းဝါးတန်းအကူ မီးထွန်းလှေတစ်စင်းအား ထိုင်းနိုင်ငံသား အမျိုးသားနှစ်ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများနှင့် တရားမ၀င်ငါးဖမ်း လှေတို့ကို ကော့သောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ထိုင်း ငါးခိုးလှေတစ်စင်း ဖမ်းဆီးရမိ ထိုင်း ငါးခိုးလှေတစ်စင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.