မန္တလေးတွင် တစ်ရက်လုပ်ခ ကျပ် ၅၆ဝဝ အပြည့်အဝရရှိရေး အလုပ်သမား ၆ဝဝ ကျော် ဆန္ဒဖော်ထုတ်


မန္တလေး ဒီဇင်ဘာ ၃

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ စက်မှုဇုန်တွင် တစ်ရက် လုပ်ခ ကျပ် ၅၆ဝဝ အပြည့်အဝရရှိရန်အတွက် မန္တလေး စက်မှုဇုန်အတွင်း စက်ရုံအသီးသီး မှ အလုပ်သမားများ စုပေါင်း၍ ယနေ့ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်မှုကို တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး မန္တလေးစက်မှုဇုန်ရှိစက်ရုံ များ၌ အလုပ်သမားခေါင်းဆောင် များက ဦးဆောင်၍ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ် ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(MICS)က လိုအပ်သည် များကို ကူညီပံ့ပိုးကာ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ခဲ့ရာ တွင် အလုပ်သမားများအနေဖြင့် တစ်ရက်လုပ်ခ ကျပ် ၅၆ဝဝ ကို လက်ရှိ နိုင်ငံတော်အစိုးရက တရား ဝင်သတ်မှတ်ပေးနိုင်ရေးကို ဦးတည်တောင်းဆိုခဲ့ကြပြီး ၂ဝ၁၅ ခုနှစ် ဇွန် ၂၉ရက်က တရားဝင် ထုတ်ပြန်ကြေညာ သတ်မှတ်ပေး ခဲ့သော အလုပ်ချိန် ၈နာရီဖြင့် တစ်ရက်လုပ်ခ ၃၆ဝဝ ကျပ်သည် အနည်းဆုံးလုပ်ခလစာ ဥပဒေအရ နှစ်နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ် ပေးရမည်ဖြစ်သော်လည်း ယခု အခါပြင်ဆင်သတ်မှတ်ရမည့်အချိန် ကာလကိုကျော်လွန်နေပြီဖြစ်သော ကြောင့် အလုပ်သမား၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနကဥပဒေပါအတိုင်း သတ်မှတ် ကာလအတွင်းလုပ်ဆောင်ပေးရန် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ အလုပ်သမားများသည် နည်းပါးသော လုပ်ခလစာဖြင့် လုပ်ကိုင်နေကြရသည့်အပြင် ယခု အခါ ကြီးမြင့်လာသော ကုန်ဈေး နှုန်း၊ လက်လှမ်းမမီနိုင်တော့သော နေထိုင်မှုစရိတ်၊ နိမ့်ပါးသည့် ပညာ ရေးစနစ်၊ ဝန်ဆောင်မှုအားနည်း သော ကျန်းမာရေးဆိုင်ရာစနစ်များ အတွက် တစ်ရက်လုပ်ခ ၃၆ဝဝ ကျပ်သည် လုံလောက်မှုမရှိတော့ ကြောင်း၊ လက်ရှိတောင်းဆိုနေ သည့်တစ်ရက် လုပ်ခ ၅၆ဝဝ ကျပ် သည် လက်ရှိကုန်ဈေးနှုန်းအခြေ အနေနှင့် ပြည်တွင်းထုတ်လုပ်မှု အခြေအနေတို့ဖြင့် လိုက်လျော်ညီ ထွေမှုရှိကြောင်းနှင့် အလုပ်သမား များ၏ဘဝအခြေအနေမှန်နှင့် လိုက် လျောညီထွေမှုရှိသည့် အနည်းဆုံး လုပ်ခလစာအား အမြန်ဆုံးသတ် မှတ်ပေးလိုကြောင်း အစရှိသည်တို့ ကို လိုလားလျက်ရှိကြောင်း သိရ သည်။

ယနေ့ ပြုလုပ်ခဲ့သည့် ဆန္ဒဖော် ထုတ်မှုတွင် မန္တလေး စက်မှုဇုန်ရှိ အီလန်ဆပ်ပြာစက်ရုံ၊ Poppy မုန့် စက်ရုံ၊အာရှအချိုရည်စက်ရုံ၊ ပါဝါ ဓာတ်ခဲစက်ရုံ၊Good Will ကိတ် စက်ရုံ၊ဖူးရှင်းဘရားသားသံနန်းကြိုး စက်ရုံ၊ စိန်ကမ္ဘာချည်မျှင်စက်ရုံ၊ AAA ဘိလပ်မြေစက်ရုံ၊ရာပြည့်စက်ရုံ အစရှိသည့်စက်ရုံများမှအလုပ်သမား များပါဝင်ခဲ့ကြောင်း သိရသည်။

သုတ
The Union Daily
https://www.facebook.com/uniondaily.net/
မန္တလေးတွင် တစ်ရက်လုပ်ခ ကျပ် ၅၆ဝဝ အပြည့်အဝရရှိရေး အလုပ်သမား ၆ဝဝ ကျော် ဆန္ဒဖော်ထုတ် မန္တလေးတွင် တစ်ရက်လုပ်ခ ကျပ် ၅၆ဝဝ အပြည့်အဝရရှိရေး အလုပ်သမား ၆ဝဝ ကျော် ဆန္ဒဖော်ထုတ် Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.