ရုရှားလွှတ်တဲ့ ဂြိုဟ်တု ဆက်သွယ်မရတော့

ရုရှားလွှတ်တဲ့ ဂြိုဟ်တု ဆက်သွယ်မရတော့
ရုရှားအစိုးရက Angola အင်ဂိုလာနိုင်ငံအတွက် မနေ့က သူတို့လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုနဲ့ အဆက်အသွယ် မရရှိတော့ပါဘူးလို့ ထုတ်ဖေါ်ပြောကြားလိုက်တဲ့အတွက် နောက်ထပ် အရှက်ရဖွယ်တခုဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းထဲရောက်ပြီးမှ အဲဒီ Angosat အင်ဂိုဆက်ဂြိုဟ်တုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ဖြစ်တယ်လို့ ဂြိုဟ်တုကို ထုတ်လုပ်တဲ့ ရုရှားကုမ္ပဏီက ပြောပါတယ်။

အကြောင်းရင်းကို မသိရပါဘူး။ အင်ဂိုလာနိုင်ငံအတွက် ပထမဆုံးဖြစ်တဲ့ ဒီ ဆက်သွယ်ရေးဂြိုဟ်တုကို ထုတ်လုပ်ဖို့ ရုရှားနိုင်ငံကပဲ ငွေချေးခဲ့တာ ဖြစ်ပါတယ်။

ရုရှားအစိုးရဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း မိုးလေဝသဂြိုဟ်တုတလုံးကို လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ