ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာတွင် မီးစက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


ရခိုင်ဂေဇက်၊ ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်း ပိုးရွှီးပြင်ကျေးရွာတွင် ဒီဇင်ဘာ ၂၇ ရက် ​နေ့ ညနေ ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဗွီဒီယိုရုံမှ မီးစက်အပူလွန်ကဲရာမှ မီးလောင်မူတစ်ခုဖြစ်ပွား
ခဲ့ကာ ဗွီဒီယိုရုံအပါဝင် ​နေအိမ်၂ဆောင် မီးလောင်ခဲ့ကြောင်း ပိုးရွှီပြင်ကျေးရွာ ရဲစခန်းမှ သိရသည်။

အဆိုပါ မီးလောင်မှုသည် ဗွီဒီရုံတွင်ဗွီဒီယိုပြသနေရာမှ မီးစက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကာ မီးလောင်မှုကို ရွာမှရွာသူရွာသားများမှ ဝိုင်းဝန်းမီးသတ်ခဲ့သော်လည်း ၎င်းဗွီဒီယိုပြရုံနှင့် ဆက်စပ်​နေသောလူနေအိမ် ၂ ဆောင် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“မီးလောင်တာက မနေ့ကညနေကပါ။ ဗွီဒီယို မီးစက်အပူလွန်ကဲရာကမီးလောင်တာပါ။ မီးလောင်မှု​ကြောင့်​ ထိခိုက်ဒဏ်ရာရတာ တွေတော့မရှိပါဘူး။ မီးလောင်ရာမှာ ဗွီဒီယိုရုံအပါအဝင် ဆက်စပ်လူနေအိမ်နှစ်ဆောင် မီးလောင်ရာမှာပါသွားပါတယ်”ဟု ပိုးရွှီပြင်ကျေးရွာရဲစခန်းမှ စခန်းမှူးရွှေလှိုင်မှ ရခိုင်ဂေဇက်သို့ပြောသည်။


မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရသူများမရှိဘဲ ရွာမှရွာသူရွာသားများမှ ဝိုင်းဝန်းမီးငြိမ်းသဖြင့် ၎င်းညည့် ၉း ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားကာ မီးလောင်မှုအတွင်းဆုံးရှုံးမှုတန်ဖိုး ၁ သိန်းခွဲခန့်ရှိကြောင့် ပုဏ္ဏားကျွန်းမြို့နယ်​မီးသတ်ဌာနမှ သိရသည်။

မီးလောင်နေရာအား မြို့နယ်အုပ်ချုပ်ရေးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၂၈ ရက် ၉ နာရီခန့်မှ သွားရောက်ကြည့်ရှုခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ မီးလောင်ရာတွင်ပါ သွားသောသူများအား ဆန်အိတ် ၄ အိတ်၊ အိမ်သွပ်မိုး ၅၀ နှင့် ငွေသားများအား ထောက်ပံ့ခဲ့ကြောင်းသိရသည်။

အဆိုပါ မီး​လောင်​မှု​ကြောင့်​ဗွီဒီယိုရုံပိုင်ရှင် ဦးချစ်ဦး (ဘ)မောင်ခင်လှအား မီးပေါ့ဆမှုဖြင့်
ပိုးရွှီပြင်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဇွဲလင်းနိုင် (စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာတွင် မီးစက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာတွင် မီးစက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.