မြိတ်တွင် ခရီးသည်တင်ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် ၁ ဦးသေဆုံး


မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု ၊ ရွှေပေးကျေးရွာ၊ မြိတ်-ကျွဲကူး လမ်းတွင် ဒီဇင်ဘာ ၁၅ ရက်၊ ည ၉ နာရီခန့်က ခရီးသည်တင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားကြောင်း သိရပါတယ်။

မြိတ်မြို့မှ စန္ဒဝတ်ဘက်သို့ ယာဉ်မောင်း ခင်အောင်ကြည်(၄၁)နှစ်၊မောင်းနှင်တဲ့ "ရွှေမြိတ်အောင်"ခရီးသည်တင် ၆ ဘီးယာဉ် နှင့် စန္ဒဝတ်ဘက်မှ မြိတ်ဘက်သို့ ယာဉ်မောင်းသန်းဦး(၃၀) နှစ်၊ မောင်းနှင်လာတဲ့ Wave အမျိုးအစားဆိုင်ကယ် မိုင်တိုင်အမှတ် (၄/၄)အနီးမှာ ဆိုင်ကယ်က ရှေ့မှဘေးတွဲကိုကျော်တက်ရာ အရှိန်မထိန်းနိုင်ပဲ တဖက်ယာဉ်ကြောမှ ကားအားဝင်ရောက်တိုက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူသန်းဦး မှာ မျက်နှာကွဲ၊ သွားကျိုး ၊ ခြေကျိုး ၊ ပါးစပ်သွေးထွက်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဆိုင်ကယ်အား အရှိန်ပြင်းစွာမောင်းပြီး တဖက်ယာဉ်ကြောသို့ဝင်တိုက်မိပြီး မိမိအသက်သေဆုံးသည်အထိ မဆင်မခြင်မောင်းနှင်သူ သန်းဦး အား မြိတ်မြို့မရဲစခန်းမှ ယာဉ် (ပ) ၉၅ / ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က ဖြင့်အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် ( မြိတ် )
Myat Htut - Myeik (fb)
မြိတ်တွင် ခရီးသည်တင်ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် ၁ ဦးသေဆုံး မြိတ်တွင် ခရီးသည်တင်ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.