အင်ဒိုနီးရှားနိုင်ငံ ဘန်ယူမက်စ်မြေငလျင်ကြောင့် ဘန်ယူမက်စ်ဆေးရုံ ပျက်စီးဆုံးရှုံးမှုများခဲ့


အင်ဒိုနီးရှားနိုင်ငံ ဘန်ယူမက်စ်ဒေသတွင် ဒီဇင်ဘာလ(၁၅)ရက်နေ့က မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘန်ယူမက်စ်အထွေထွေရောဂါကုဆေးရုံကြီး ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် လူနာပေါင်း (၄၀)ကျော်ကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရကြောင်း ဘန်ယူမက်စ်အထွေထွေရောဂါကုဆေးရုံကြီးမှ အာဏာပိုင်များက ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် အတည်ပြုထုတ်ပြန်သွားခဲ့သည်။ ဘန်ယူမက်စ်အထွေထွေရောဂါကုဆေးရုံကြီးသည် သုံးထပ်အဆောက်အအုံတစ်ခုဖြစ်ပြီး ဓာတ်မှန်ဌာနနှင့် သွေးစစ်သည့် ဌာနအပြင် အရေးပေါ်ဌာနလည်း ပျက်စီးသွားခဲ့ကြောင်းသိရသည်။

မြေငလျင်မှာ အာရုံတက်ခါနီးအချိန်တွင် လှုပ်ခတ်ခဲ့သည့်အတွက်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသလောက် နည်းပါးခဲ့ခြင်းဖြစ်ကြောင်း နေ့ခင်းဘက်အချိန်၌သာ လှုပ်ခတ်ခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသူ များဖွယ်ရှိကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက ပြောကြားသွားခဲ့သည်။ ဆေးရုံဝန်ထမ်းတစ်ဦးက “မြေငလျင်ဟာ အာရုံတက်ခါနီးမှာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ညတာဝန်ကျ ဆရာဝန်တွေ သူနာပြုတွေနဲ့ လူနာစောင့်တွေလောက်ပဲ ရှိတယ်။ လူနားတွေကလည်း သူ့အခန်းနဲ့သူဆိုတော့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ပါဘူး။ ပြီးတော့ ဓာတ်မှန်ဌာန၊ သွေးစစ်တဲ့ဌာနနဲ့ အရေးပေါ်ဌာနဘက်ခြမ်းမှာပဲ အဆောက်အအုံပိုင်း ပျက်စီးခဲ့တာပါ။ အဲ့ဒီဌာနကတွေက နနံက်ပိုင်း ရုံးတက်ချိန်လောက်မှ လူရှိတာပါ။ ကျန်တဲ့အချိန်က ညစောင့်လောက်ပဲရှိတယ်။ လူတွေရှိတဲ့အချိန်သာ လှုပ်ခတ်ခဲ့မယ်ဆိုရင်တော့ စိုးရိမ်စရာအနေအထားတစ်ခုပါ” ဟု Jakarta Post သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။

ဘန်ယူမက်စ်ဒေသ ကပ်ဘေးအန္တရာယ်လျော့ချရေးအေဂျင်စီ (BPBD) ဥက္ကဌဖြစ်သူ ၀ီဒိုဒိုက မြေငလျင်ဒဏ်ကြောင့် လူနေအိမ်ခြေ (၃၀)ကျော်ပျက်စီးသွားခဲ့သလို အခြေခံအဆောက်အအုံအမြောက်အမြားလည်း ပျက်စီးသွားခဲ့ကြောင်း နောက်ဆုံးရရှိခဲ့သည့် စာရင်းများနှင့်တကွ အသေးစိတ်ထုတ်ပြန်ပေးသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ