ချောက်မြို့ ရတနာသိန်းဆေးဆိုင်ရှေ့ စက်နိုးထားသည့် ကားတစ်စီး မီးလောင် ဆုံးရှုံးမှုဖြစ်ပွား


ချောက်-ဒီဇင်ဘာ ၂၇

၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၉နာရီ ၄၀ မိနစ်အချိန်ခန့်တွင်မကွေးတိုင်းဒေသကြီး ချောက်မြို့ ရတနာသိန်းဆေးဆိုင်ရှေ့၌ စက်နိုးရပ်ထားသောကားတစ်စီး မီးလောင်မှုဖြစ်ပွားသွားကြောင်း ချောက်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ချောက်မြို့နယ်မြို့မရဲစခန်းမှ သိရှိရသည်။


ထိုသို့ဖြစ်စဉ်မှာ ချောက်မြို့ အမှတ်(၈)ပျဉ်းမလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် ရတနာသိန်းဆေးဆိုင်ရှေ့တွင် ရပ်၍စက်နိုးထားသည့် ဦးမြင့်လွင် အသက် ၄၀/၂၀၁၇နှစ် (ဘ)ဦးကိုကြီး ယာဉ်မောင်း အမှတ်(၁၃)ရပ်ကွက် အာရှရပ် ချောက်မြို့နယ် နေထိုင်သူ မောင်းနှင်သော 7C/--------PAJERO အစိမ်းပုတ်ရောင် ထိုယာဉ်၏ကားခေါင်းအတွင်း အင်ဂျင်ခန်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့သဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မနက် ၉ နာရီ ၅၀ အချိန်တွင်မီးငြိမ်းသွားခဲ့ကြောင်း မီးလောင်မှုဖြစ်ပွားသည်ဟု သတင်းရရခြင်း ချောက်မြို့နယ်မြို့မရဲစခန်းမှ ဒုရဲအုပ်ချစ်ဆွေနှင့်ရဲတပ်ဖွဲ့ဝင်များ မီးသတ်ဦးစီးမှူး ဦးစိုးညွှန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ်(၂)စီး နှင့် ရပ်ကွက်(၈/၉)မှ သက်သေလူကြီးများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး မီးလောင်ဖြစ်ပွားမှုအား စစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိမိမောင်းနှင်သည့်ကားအား ကြံ့ခိုင်မှုသေခြာစွာ စစ်ဆေးခြင်း မရှိ၍ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းစေခဲ့သူ ဦးမြင့်လွင်အား ဥပဒေအရ အရေးယူပေးရန် ချောက်ရဲခန်းမှ ရဲအုပ်ထွန်းဦးဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ချောက်မြို့မရဲစခန်း (ပ)၃၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုရေးဖွင့်ပြီး အမှုအား ရဲအုပ် ထွန်းဦးဝင်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

လှိုင်ဘွား ( မြို့သစ် )
ချောက်မြို့ ရတနာသိန်းဆေးဆိုင်ရှေ့ စက်နိုးထားသည့် ကားတစ်စီး မီးလောင် ဆုံးရှုံးမှုဖြစ်ပွား ချောက်မြို့ ရတနာသိန်းဆေးဆိုင်ရှေ့ စက်နိုးထားသည့် ကားတစ်စီး မီးလောင် ဆုံးရှုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.