ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမီးလောင်မှု ကျပ် (၅၆)သိန်းကျော်ဖိုး ဆုံးရှုံး


ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာ၊ နယ်မြေ (၃)မှာ ဒီဇင်ဘာလ (၁၃)ရက် မနက် ၆နာရီခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

နေအိမ်မှာ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ရာကနေ မီးစတင်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမီးလောင်မှုကြောင့် အနီးအနားရှိ နေအိမ်(၅)လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးမကူးဖို့ နေအိမ်(၁)လုံးဖျက်ချလိုက်တာကြောင့် စုစုပေါင်း နေအိမ်(၆)လုံး၊ ကာလတန်ဖိုး ငွေကျပ် (၅၆)သိန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။

 အဲဒီအိမ်တွေက အိမ်ထောင်စုတွေကို ကျေးရွာရှိ ဆွေမျိုးနေအိမ်တွေမှာ ပြောင်းရွေ့ထားတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးပေါ့စသူကို စက်ဆန်းကျေးရွာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ -၂၈၅ နဲ့ အမှုဖွင့်အရေးယူစစ်ဆေးနေပါတယ်။

 ဖျာပုံခရိုင်ထဲမှာ (၂၀၁၇)ခုနှစ်ဇွန်(၁)ရက်ကနေ ဒီဇင်ဘာ(၁၃)ရက်အထိ ပေါ့ဆမီး (၁၉)ကြိမ် လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း(၃၀၀)ခန့် ရှိတယ်လို့ ဖျာပုံခရိုင် မီးသတ် ဦးစီမှူးရုံးက သိရပါတယ်။ ဒီသတင်းကို ကျော်စိုးမိုး(ဖျာပုံ) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမီးလောင်မှု ကျပ် (၅၆)သိန်းကျော်ဖိုး ဆုံးရှုံး ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမီးလောင်မှု ကျပ် (၅၆)သိန်းကျော်ဖိုး ဆုံးရှုံး Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.