ဒီဇင်ဘာ ၂၈ ရက်၊ နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ရသေ့တောင်မြို့နယ် အငူမော်ရဲကင်းစခန်းသို့ အငူမော်ကျေးရွာ ပိုက်ဆိပ်ရပ်နေသူ မစန္ဒာခင်(၃၆)နှစ် ရောက်ရှိလာပြီး ၎င်း၏ ခင်ပွန်း ဦးသန်းကြည် (၄၆) နှစ် နှင့် တစ်ရွာတည်းနေ စိုးသန်း(၃၅)နှစ် တို့သည် ၎င်းနေအိမ်တွင်အရက်အတူ သောက်ရာမှ စကားများရန်ဖြစ်ပြီး စိုးသန်းမှ ဦးသန်းကြည်အား ဓါးဖြင့်ခုတ်ခဲ့သည်ဟု လာရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အငူမော်ကျေးရွာ ပိုက်ဆိပ်ရပ်သို့သွားရောက်၍ စိုးသန်းအား ဖမ်းဆီးရာ အဖမ်းမခံဘဲ ဓါးရှည်ဖြင့် ပြန်လည်ခုခံသဖြင့် ရဲတပ်သား လင်းလင်းထက်မှ BA-94 ဖြင့် ၁ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ စိုးသန်းတွင် ယာညိုသကျည်း ကျည်ရှပ်ထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ဓါးခုတ်ခံရသူ ဦးသန်းကြည်တွင် ဦးခေါင်းငယ်ထိပ်၊ ကျောကုန်း ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ)ရရှိ၍ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ထား လျက်ရှိသည်။
Information Committee
https://www.facebook.com/InfomationCommittee/
ရသေ့တောင်မြို့နယ်၌ ဓါးခုတ်မှုကျူးလွန်သူ ရွာသား ၁ ဦးအား ပစ်ခတ်ဖမ်းဆီး
Reviewed by THITHTOOLWIN
on
22:12
Rating:
