ကျောက်မိုင်းခွဲမှုတွေအခြေအနေကို ၀န်ကြီးတွေထံ တင်ပြ

ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်မှာ စက်ယန္တရားတွေကို တွေ့ရစဉ် / Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေရဲ့ မိုင်းခွဲမှုတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုအပါအ၀င် တခြားသော ထိခိုက်ခံစားမှုတွေကို ဒေသခံတွေက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေထံ ဒီနေ့ တင်ပြလိုက်ပါတယ်။

ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတို့ဟာ ဒီနေ့ လုံးခင်းရွာနဲ့ ဖားကန့်မြို့တို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာဖြစ် ပါတယ်။ တွေ့ဆုံပွဲမှာ ဒေသခံတွေက တင်ပြခဲ့တဲ့အခြေအနေကို လုံးခင်းရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးလောခန်က ပြောပါတယ်။

ဒါ့အပြင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေရဲ့ ယာဉ်စက်ယန္တရားတွေ အကူအညီနဲ့ သက်တမ်းမကုန်ဆုံးသေးတဲ့ လုပ်ကွက်တွေမှာ ပူးပေါင်းလုပ်ကိုင်နေကြတာတွေကိုလည်း တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဝန်ကြီးသုံးဦးဟာ ဒီကနေ့ မနက်ပိုင်းက လုံးခင်းရွာ မေဓိကာရာမ ပရိယတ္တိစာသင်တိုက် လောကပါလဓမ္မာရုံနဲ့ ဖားကန့်မြို့ စုပေါင်းရုံတို့မှာ ဒေသခံပြည်သူတွေ၊ ကုမ္ပဏီလုပ်ငန်းရှင်တွေ အပါအဝင် ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေကိုလည်း သွားရောက်ကွင်းဆင်းမှာ ဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့လည်း သီးခြားစီသွားရောက် ကွင်းဆင်းလေ့လာခဲ့ဖူးပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ