တရားလိုဖြစ်သူ ရဲအုပ် ထွန်းထွန်းဝင်းက သူစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)နဲ့ ပတ်သက်ပြီး ရုပ်သိမ်းဖို့ တရားခွင်မှာ လျှောက်ထားခဲ့တာနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၄ဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က အခုလိုပြောပါတယ်။
ပုဒ်မ ၈ အပြင် နိုင်ငံခြားသားနှစ်ဦးကို စွဲဆိုထားတဲ့ လ၀ကဥပဒေပုဒ်မ ၁၃(၁) အမှုကိုလည်း ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၉ရက်နေ့ ရုံးချိန်းမှာ အမှုရုပ်သိမ်းဖို့ အမိန့်ချမယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံထားရသူ လေးဦးစလုံးဟာ မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေ ပုဒ်မ(၁၀)နဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ထောင်ဒဏ်(၂)လစီ ကျခံနေရတာဖြစ်တဲ့အတွက် လာမယ့် ဇန်န၀ါရီလဆန်းလောက်မှာ လေးဦးစလုံး လွတ်မြောက်မှာဖြစ်ပါတယ်။
တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန၊ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူတဦး၊ စင်ကာပူနိုင်ငံသားတဦး၊ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတဦး စုစုပေါင်း ၄ ဦးတို့ဟာ အောက်တိုဘာလ ၂၇ရက်နေ့က နေပြည်တော်က လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးပမ်းနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
RFA Burmese
http://www.rfa.org/burmese
ဒရုန်းအမှု ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မနဲ့ စွဲဆိုထားတာကို ရုပ်သိမ်းကြောင်း တရားလိုလျှောက်
Reviewed by THITHTOOLWIN
on
18:14
Rating:
