ဘက်ဟိုးမြေတူးယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရ


နေပြည်တော် ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသော လမ်းဦးစီးဌာနပိုင် လုပ်ငန်းခွင်သုံး ဘက်ဟိုးမြေတူးယာဉ်တစ်စီး ဝက်ကျိန်း(မြို)ကျေးရွာအနီး ယမန်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

အဆိုပါမြေတူးယာဉ်မှာ မောင်တောမြို့နယ် ဝက်ကျိန်း(မြို) ကျေးရွာအနီး ကြိမ်ချောင်း-တောင်ပြို ကားလမ်းတွင် လမ်းပြုပြင်ပြီး ညအိပ်ရပ်နားထားစဉ် မီးရှို့ ဖျက်ဆီးခံရခြင်းဖြစ်ပြီး တန်ဖိုး ငွေ$ကျပ်သိန်း ၆၅ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် မီးရှို့ သူအား ကြိမ်ချောင်းနယ်မြေစခန်း၌ အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘက်ဟိုးမြေတူးယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရ ဘက်ဟိုးမြေတူးယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.