ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူက ဓားမနှင့် လည်းပင်ခုတ်ဖြတ် သတ်ဖြတ်


ပြီးခဲ့တဲ့  ဒီဇင်ဘာလ ၂၆ ရက်နေ့ က  တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ပြင်ဝန်းကျေးရွာမှာ အရက်မူးလျှင်ခဏခဏ ညှဉ်းပန်း နှိပ်စက်တက်တဲ့ ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူက ဓားမနှင့် လည်းပင်ခုတ်ဖြတ် သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၆.၁၂.၂၀၁၇ ရက်နေ့ည ၈ နာရီခွဲအချိန်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ပြင်ဝန်းကျေးရွာနေ ဒေါ်ဝန်ကြည် ၅၁ နှစ်သည် ရဲစခန်းသို့ရောက်ရှိလာပြီ ခင်ပွန်းဖြစ်သူ ကိုသန်းရွှေ ၄၆ နှစ်မှာနေ့ လည် ၂ နာရီအချိန်ခန့်တွင် နေအိမ် နှင့် ကိုက် ၃၀၀ အကွာရှိ ကိုစိုးပိန်၏ ဥယျာဉ်ခြံတွင်းလမ်းဘေးတွင် လည်ပင်းပြတ်လုနီးပါးဒဏ်ရာ၊ လက်ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်းတွေ့ရှိရ၍ ခင်ပွန်းဖြစ်သူ ကိုသန်းရွှေအား သေအောင်သတ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တနင်္သာရီမြို့မရဲစခန်း သို့ တရားလိုပြုလုပ်တိုင်းတန်း လာခဲ့ပါသည်။


အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သတ်၍ တနင်္သာရီမြို့မရဲစခန်းမှူး ဒုရဲမှူး တင်အောင် နှင့် နယ်ထိန်း ရဲတပ်ကြပ်ကြီး စောဘမြင့်၊ ရဲတပ်ကြပ်ကြီး ကျော်ဆွေ တို့သည် သက်သေများနှင့်အတူအခင်းဖြစ်ရပ်သို့သွားရောက်ပြီး အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ သက်သေစစ်ဆေးခြင်းများပြုလုပ်ပြီး ရဲလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ကာ တရားလိုဖြစ်သူအားမသင်္ကာသဖြင့် အသေးစိပ်ထပ်မံစစ်ဆေးရာ တရားလိုဖြစ်သူ ဒေါ်ဝန်ကြည် မှ ခင်ပွန်းဖြစ်သူ သန်းရွှေအား အရက်မူးလျှင်ခဏခဏ ညှဉ်းပန်း နှိပ်စက်သဖြင့်မခံမရပ်နိုင်ဖြစ်မှုများကြောင့် ခင်ပွန်းဖြစ်သူ အရက်ဆိုင်မှအရက်သောက်၍ အရက်မူးပြီး ကိုစိုးပိန်၏ဥယျာဉ်ခြံလမ်းဘေးအိပ်ပျော်နေစဉ် အသင့်ယူဆောင်လာသော ဓားမဖြင့် လည်ပင်းအားခုတ်သတ်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် တရားလိုဖြစ်သူ ဒေါ်ဝန်ကြည် အား လူသတ်မှုတရားခံအဖြစ် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရပါသည်။

သတင်း - ဓါတ်ပုံ ။ ။ Tar Yar
by သစ်ထူးလွင်
ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူက ဓားမနှင့် လည်းပင်ခုတ်ဖြတ် သတ်ဖြတ် ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူက ဓားမနှင့် လည်းပင်ခုတ်ဖြတ် သတ်ဖြတ် Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.