ဘင်္ဂလားဒေ့ရှ်ကနေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ထဲ ခိုးဝင်ထိုင်နေတဲ့ ဘင်္ဂလီမွတ်စလင်တွေကို ရှာဖွေဖမ်းဆီးပြန်ပို့ဖို့ ရဲနဲ့ပြည်သူ့စစ်အင်အား ၆ သောင်းကို အိန္ဒိယအစိုးရက ဖြန့်ကျက်တာဝန်ပေးလိုက်ပါတယ်။
ဒေသခံဟိန္ဒူတွေရဲ့ အလုပ်အကိုင်တွေ ဝင်ယူနေတဲ့ အဲဒီလူတွေကို ရှင်းလင်းမယ်ဆိုတဲ့ကတိနဲ့ အာသံပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်မဲနိုင်ခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ BJP ပါတီက၊ သူတို့ရဲ့ မဲဆွယ်ကတိစကားအတိုင်း ဆောင်ရွက်တာလို့ ဆိုပါတယ်။
ဒီစီမံချက်ဆောင်ရွက်ဖို့ အဲဒီဒေသက နိုင်ငံသားမှတ်ပုံတင်စာရင်း NRC ကို လာမယ့်တနင်္ဂနွေနေ့မှာ ပြည်နယ်အစိုးရက ထုတ်ပြန်မှာပါ။ အာသံပြည်နယ်မှာ ၁၉၅၁ ခုနှစ်ကစလို့ သန်းခေါင်းစာရင်း မကောက်နိုင်ခဲ့တဲ့ အခြေအနေကနေ အခုတော့ ဒီလိုထုတ်ပြန်နိုင်ဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အာသံပြည်နယ်ဟာ အိန္ဒိယနိုင်ငံက ပြည်နယ်တွေထဲမှာ မွတ်စလင်လူဦးရေ အများဆုံးရှိနေတဲ့ နေရာဖြစ်လို့၊ အခုလို တရားမဝင် နေထိုင်တဲ့သူတွေကို ပြန်ပို့မယ့်ဆောင်ရွက်ချက်က ဒေသတွင်း မငြိမ်သက်မှုတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
နိုင်ငံသားမှတ်ပုံတင်စာရင်း NRC က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေခံနေရသလို၊ သူတို့ကိုနိုင်ငံမဲ့ ဖြစ်အောင်လုပ်နေတာလို့ မွတ်စလင်ခေါင်းဆောင်တွေက ပြောနေပါတယ်။
NRC အစီအစဉ်က အာသံပြည်နယ်မှာရောက်နေတဲ့ တရားမဝင်ဘင်္ဂါလီတွေကို သိနိုင်မှာဖြစ်သလို၊ အဲဒီလိုသိတာနဲ့ နိုင်ငံသားမဟုတ်တဲ့သူတွေကို ပြန်ပို့မယ်လို့ နိုင်ငံသားမှတ်ပုံတင်ရေး စီမံချက်တာဝန်ခံအဖြစ် ဆောင်ရွက်နေတဲ့ အာသံပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဟင်မန်တာ ဘစ္စဝါ ဆာမာ က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ ဆင်းသက်လာပြီး အာသံပြည်နယ်မှာ ခိုးဝင်နေထိုင်တဲ့ မွတ်စလင် ၂ သန်းကျော် ရှိမယ်လို့ အိန္ဒိယအစိုးရက ခန့်မှန်းထားပါတယ်။
Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/
ခိုးဝင်ဘင်္ဂလီတွေ ပြန်ပို့ရေး အိန္ဒိယ စီစဉ်
Reviewed by THITHTOOLWIN
on
22:25
Rating:
