မူဆယ်​(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ ယာဉ်​ငယ်​စစ်​​ဆေး​ရေးဂိတ်​အနီး၌ အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ


မူဆယ် ​ဒီဇင်​ဘာ ၃၁

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း) မူဆယ်​ခရိုင်​ မူဆယ်​မြို့နယ်​ မိုင်းယု(၁၀၅)မိုင်​ကုန်​​သွယ်​​ရေးဇုန်​ ယာဉ်​ငယ်​စစ်​​ဆေးဂိတ်​အနီး၌ ဒီဇင်​ဘာ ၃၁ ရက်​ နံနက်​(၉)နာရီအချိန်​ခန့်​ အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိခဲ့သည်။

ဖြစ်​စဉ်​မှာ မူဆယ်​ခရိုင်​ မူဆယ်​မြို့နယ် ​မိုင်းယု(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန် ​​ယာဉ်င​​ယ်​စစ်​​ဆေး​ရေးဂိတ်​အနီး ပြည်​​ထောင်​စုလမ်းမကြီး​ဘေး ခြုံဖုတ်​အတွင်း၌ အမည်​မသိလက်​နက်​ကိုင်​အဖွဲ့၏​ထောင်​ထား​သော အ​ဝေးထိန်း မိုင်းတစ်​လုံးကို ဒီဇင်​ဘာ (၃၁)ရက်​ နံနက်​​က ကုန်​တင်​ကုန်​ချအလုပ်​သမားတစ်​ဦးမှ ​တွေ့ရှိခဲ့သဖြင့် နယ်မြေခံတပ်မှ ဒုတပ်​ရင်းမှူးသိန်းလိုင်​ဦးထံ ဖုန်းဖြင့် ဆက်​သွယ်​အကြာင်းကြားသဖြင့် နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ နန်းခမ်းမြို့မပြည်​သူ့စစ်​တပ်​ဖွဲ့ဝင်​များ၊(၁၀၅)မိုင်​ရဲကင်းအဖွဲ့များ၊သတင်းရဲတပ်​ဖွဲ့များ၊ မူဆယ်​သတင်းရဲတပ်​ဖွဲ့များ၊ ကုန်​သွယ်​​ရေးဇုန်​မှတာဝန်​ရှိသူများ၊ လုံထန်​ပြည်​သူ့စစ်​များ၊ မီးသတ်​အဖွဲ့များ၊ ရပ်​မိရပ်​ဖများအခင်းဖြစ်​ပွားရာ​နေရာသို့ အချိန်​မီရာက်​ရှိလာခဲ့သည်​။

ထို့​နောက်​ ဆားကစ်​ပြားဖြူး(၂)​ချောင်းပါ​ ရှေ့ထွက်​ ရမုအ​ဝေးထိန်း မိုင်းကို အဖွဲ့စုံဖြင့် ကြည့်​ရူ့စစ်​​ဆေးခဲ့ပြီး အဆိုပါမိုင်းအား အောင်​မြင်​စွာ ဖယ်​ရှားရှင်းလင်း​ပေးခဲ့​ကြောင်း သိရသည်​။

သတင်းနှင့်​ဓာတ်​ပုံ သန့်​ဇင်​-မူဆယ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ်​(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ ယာဉ်​ငယ်​စစ်​​ဆေး​ရေးဂိတ်​အနီး၌ အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ မူဆယ်​(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ ယာဉ်​ငယ်​စစ်​​ဆေး​ရေးဂိတ်​အနီး၌ အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.