မက်ဟက်တန် အရပ်မှာ ပေါက်ကွဲမှု ဖြစ်

အနည်းဆုံး လူတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိ
အမေရိကန် ပြည်ထောင်စု မက်ဟက်တန် အရပ်က ဘတ်စ်ကား ဂိတ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အတွက် အနည်းဆုံး လူတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တိုင်းစ်စကွဲအနီး က ဆိပ်ကမ်း အာဏာပိုင် ဘတ်စ်ကား ဂိတ်မှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာပါ။

ဒီ ကားဂိတ် ပေါက်ကွဲမှုနဲ့ပတ်သက်လို့ မသင်္ကာသူ တစ်ယောက်ကို ဖမ်းဆီး ရမိထားတယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဘတ်စ်ကားဂိတ် တစ်ခု ကနေ တစ်ခု ကို ကူးသန်း သွားလာတဲ့ စင်္ကြံလမ်း မှာ ပိုက်နဲ့ လုပ်တဲ့ ဗုံး ပေါက်ကွဲ တာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဉီး က ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မက်ဟက်တန် အရပ်မှာ ပေါက်ကွဲမှု ဖြစ် မက်ဟက်တန် အရပ်မှာ ပေါက်ကွဲမှု ဖြစ် Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.