အားပြင်း မုန်တိုင်းကြောင့် သိန်းချီ ဗီယက်နမ်တွေ ပြောင်းရွှေ့

သိန်းချီ ဗီယက်နမ်တွေ ဘေးလွတ်ရာကို ပြောင်းရွှေ့
ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှာ အားပြင်းတဲ့ မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှာ ဖြစ်တဲ့အတွက် သိန်းချီတဲ့ ဒေသခံတွေက ဘေးလွတ်ရာကို ပြောင်းရွှေ့နေပါတယ်။

မကြာခင်အချိန်အတွင်း မိုးရေချိန် ၈ လက်မနီးပါး ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပြီး ရေကြီး နိုင်တယ်လို့ သတိပေးချက်ထုတ်ထားပါတယ်။

ဟိုချီမင်းမြို့မှာ ရှိတဲ့ စာသင်ကျောင်းတွေကို ပိတ်ထားပြီး ငါးဖမ်းစက်လှေတွေ ပင်လယ်ကို မထွက်ဖို့ ထုတ်ပြန်ထားပါတယ်။

ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်မှာ တိုင်ဖုန်းအဖြစ်နဲ့ ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ရေကြီး မြေပြိုတာကြောင့် လူ ၂၄၀ အသက်ဆုံးရှုံး သွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အားပြင်း မုန်တိုင်းကြောင့် သိန်းချီ ဗီယက်နမ်တွေ ပြောင်းရွှေ့ အားပြင်း မုန်တိုင်းကြောင့် သိန်းချီ ဗီယက်နမ်တွေ ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.