![]() |
၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ကယားပြည်နယ် ရှားတောမြို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်/ Photo: RFA |
ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်တွနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်ဖို့အတွက် လွိုင်ကော်မြို့ကို မနက်ဖြန် နေ့ချင်းပြန် သွားရောက်မှာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပြီး ကယန်း(ပဒေါင်) လူမျိုးတွေနဲ့ တွေ့ဆုံသွားဖို့ရှိနေတယ်လို့ သိရပါတယ်။
ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရဖို့ ပြည်နယ်အစိုးရထံ တင်ပြထားပေမယ့် လက်ရှိအချိန် ထိ အကြောင်းပြန်ကြားလာတာမျိုး မရှိသေးဘူးလို့ KNPP အဖွဲ့ ဖက်က ပြောပါတယ်။
လွိုင်ကော်မြို့မှာ မနက်ဖြန်ပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်မယ့် လူငယ်တွေကို ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဒေသခံ အရပ်ဘက်အဖွဲ့အချို့က ဝေဖန်နေကြပါတယ်။
အရင်က ငြိမ်းချမ်းရေးစကားဝိုင်းတွေကို နေပြည်တော်၊ ပင်လုံ၊ မန္တလေး စတဲ့မြို့တွေမှာ ပြုလုပ်ခဲ့ပြီး မနက်ဖြန်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းက ဒီနှစ်အတွင်းမှာ ၅ ကြိမ်မြောက်အနေနဲ့ ပြုလုပ်မှာလည်းဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကယားပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံမည်
Reviewed by THITHTOOLWIN
on
19:46
Rating:
