ဓနုဖြူမြို့နယ်​ (၁၆)ရပ်​ကွက်​ မြစ်​ကမ်းပါပြိုကျမှု​ကြောင့် နေအိမ်​ (၁၁)လုံးပါသွား


ဓနုဖြူ ဒီဇင်​ဘာ ၃၁

ဓနုဖြူမြို့ ၊ (၁၆)ရပ်​ကွက်​ ကမ်းနားလမ်း ခန့်​မှန်း (GQ-750113)အတွင်း ဒီဇင်​ဘာ ၃၀၊ ည (၁၀း၃၀)ကမြစ်​ကမ်းပြိုကျမှု ဖြစ်​ပွားရာ ပျဉ်​ခင်း၊ ထရံကာ၊ သွပ်​မိုးအိမ် (၇)လုံး၊ ပျဉ်​ခင်း၊ ဝါးထရံကာ၊ သွပ်​မိုးအိမ်​ (၄)လုံး၊ စုစု​ပေါင်း ​နေအိမ်​(၁၁)လုံးနှင့်​ ကျွန်းငါးဖမ်း​လှေ (၂)စီး၊ ပိုက်​ (၂)ပုံ၊ စက်​တစ်​လုံးပါရှိသွားခဲ့ပြီး ပျဉ်​ခင်း၊ ဝါးထရံကာ၊ သွပ်​မိုး​နေအိမ်​ (၈)လုံးအား ကြိုတင်​ဝိုင်​ဝန်းဖျက်​သိမ်းခဲ့​ကြပြီး စုစု​ပေါင်းဆုံးရှုံးမှုတန်​ဖိုးမှာ ခန့်​မှန်း​(၉၆)သိန်းခန့့်​ ပျက်​စီးဆုံးရှုံးခဲ့သည်​။

 လူနှင့်​တိရစ္ဆာန်​ ​သေ​ကြေပျက်​စီးမှုမရှိပါ။ ကမ်းပြိုသည့်​​နေရာအား လွတ်​​တော်​ကိုယ်​စားလှယ်​များ၊ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးနှင့်​ ဝန်​ထမ်းများ၊ စည်​ပင်​​ကော်​မတီဝင်​များ၊ စီမံကိန်း​ရေး​ဆွဲေ​ကော်​မတီဝင်​များ၊ မြို့နယ်​ရဲတပ်​ဖွဲ့များ၊ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးနှင့်​ တာဝန်​ရှိသူများ၊ ရပ်​ကွက်​​နေပြည်​သူများမှ ​​ရေထဲ​နေအိမ်​​မျောပါ အိမ်​​ထောင်​စုများအား ​ဘေးလွတ်​ရာသို့​ရွေ့​ပြောင်း​ပေးခဲ့​ကြောင်း မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနမှသိရပြီး ယ​နေ့တွင်​လည်း စိုးရိမ်​ရ ​နေအိမ်​ (၅)လုံးတို့အား ကြိုတင်​ဖျက်​သိမ်း​နေကြ​ကြောင်းသိရသည်​။

အောင်​သူဟိဏ်း(ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဓနုဖြူမြို့နယ်​ (၁၆)ရပ်​ကွက်​ မြစ်​ကမ်းပါပြိုကျမှု​ကြောင့် နေအိမ်​ (၁၁)လုံးပါသွား ဓနုဖြူမြို့နယ်​ (၁၆)ရပ်​ကွက်​ မြစ်​ကမ်းပါပြိုကျမှု​ကြောင့် နေအိမ်​ (၁၁)လုံးပါသွား Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.