မြောက်ကိုရီးယား သင်္ဘောတချို့ အမည်မည်းစာရင်းသွင်းဖို့ ကုလကို ကန်တောင်းဆို


မြောက်ကိုရီးယား ကနေ တားမြစ်ကုန်တွေ သယ်ဆောင်ပေးခဲ့တဲ့ သဘောင်္ာ ၁၀ စင်းကို အမည်မည်း စာရင်း သွင်းပေးဖို့ အမေရိကန် ပြည်ထောင်စုက ကုလသမဂ္ဂကို ပန်ကြားလိုက်ပါတယ်။

ဟောင်ကောင် သင်္ဘော ၂ စင်း၊ မြောက်ကိုရီးယား ကုန်သင်္ဘော ၂ စင်း အပါအဝင် ဒီသင်္ဘော ဆယ်စင်းဟာ သဘောင်္နဲ့ တင်ပို့ခွင့် မရှိတဲ့ ပစ္စည်းတွေကို တရားမဝင် တင်ပို့ခဲ့တာဖြစ်ကြောင်း အမေရိကန် အစိုးရရဲ့ ပန်ကြားလွှာမှာ ဖေါ်ပြထားပါတယ်။ ဒီသဘောင်္တွေဟာ မြောက်ကိုရီးယား သင်္ဘောတွေအတွက် သန့်စင်ထားတဲ့ ရေနံထွက် ပစ္စည်းတွေကို သင်္ဘောတစင်းကနေ နောက်တစင်းဆီ တရားမဝင် လွှဲပြောင်း ပေးတာ ဒါမှမဟုတ် မြောက်ကိုရီးယားထွက် ကျောက်မီးသွေးတွေကို တခြားနိုင်ငံတွေဆီ တရားမဝင် တင်ပို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ အခု ပန်ကြားလွှာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံ စလုံးက မကန့်ကွက်ဘဲ ကြာသပတေးနေ့မှာ အတည်ပြုပေးခဲ့မယ် ဆိုရင် ဒီအမည်မည်း စာရင်းထုတ်ထားတဲ့ သင်္ဘော ဆယ်စင်းကို နိုင်ငံအားလုံးက သူတို့ရဲ့ ဆိပ်ကမ်းတွေထဲ ဝင်ခွင့်ပိတ်ပင်ရမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေးတွေ တင်ဆောင်လာကြောင်း တွေ့ရှိရတဲ့ သင်္ဘော ၄ စင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အောက်တိုဘာလထဲမှာပဲ အမည်မည်း စာရင်းထဲ ထည့်သွင်းခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို အရေးယူတဲ့ အနေနဲ့ သူ့ရဲ့ ကျောက်မီးသွေး၊ သံ၊ ခဲ၊ ချည်မျှင်နဲ့ အထည်အလိပ် အပြင် ပင်လယ်စာ တင်ပို့မှုတွေကို ကုလသမဂ္ဂက တားမြစ်ခဲ့ပြီး လုပ်ငန်း ဖက်စပ်လုပ်ကိုင်ခွင့်တွေပါ ကန့်သတ်ခဲ့တဲ့ အပြင်၊ မြောက်ကိုရီးယား ကုမ္ပဏီ အများအပြားကို အမည်မည်း စာရင်း သွင်းခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြောက်ကိုရီးယား သင်္ဘောတချို့ အမည်မည်းစာရင်းသွင်းဖို့ ကုလကို ကန်တောင်းဆို မြောက်ကိုရီးယား သင်္ဘောတချို့ အမည်မည်းစာရင်းသွင်းဖို့ ကုလကို ကန်တောင်းဆို Reviewed by THITHTOOLWIN on 07:36 Rating: 5
Powered by Blogger.