အမျိုးသမီးတစ်ဦး သေဆုံး၊ ယာဉ်မောင်းထွက်ပြေး


မကွေး - ဒီဇင်ဘာ ၅

မကွေးမြို့နယ် ဒေါင်းနေတံတားအနီး၌ ဒီဇင်ဘာ ၅ ရက်က သစ်ကားတစ်စီး တိမ်းမှောက် ခဲ့၍ လူတစ်ဦး သေဆုံးကာ ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း မကွေးမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ဒေါင်းနေ တံတားအနီး ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်းသတင်းအရ ဒေါင်းနေရဲကင်းမှူး ဒုရဲအုပ် ကျော်သက် သွားရောက် စစ်ဆေးခဲ့ရာ နံနက် ၅ နာရီခွဲက မကွေး-ရေနံချောင်း ကားလမ်း ဒေါင်းနေတံတား ကုန်းအဆင်း မိုင်တိုင်အမှတ် ၃၄၅/၂ အနီးတွင် ရေနံချောင်းဘက်မှ မကွေးဘက်သို့ မောင်းနှင်လာသော ၁၂ ဘီးယာဉ် 4N/ ----- သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဘေးရှိ ဆက်သွယ်ရေးတိုင်အား ဝင်ရောက်တိုက်မိပြီး လမ်းဘေး ပေ ၃ဝ ခန့် ချောက်အတွင်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

 ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးသည် ကားခေါင်းအတွင်းမှ ထွက်ကျပြီး ဆက်သွယ်ရေးတိုင်ပိ၍ သေဆုံးနေသည် ကိုတွေ့ရှိရသည့်အပြင် ယာဉ်ပေါ်တွင် ပိတောက်သား ၅၅ တုံးအား စပါးခွံဖွဲအိတ် များဖြင့် ဖုံးအုပ်သယ်လာသည်ကို တွေ့ရှိခဲ့သဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ဆက်သွယ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။

 ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမျိုးသမီးတစ်ဦး သေဆုံး၊ ယာဉ်မောင်းထွက်ပြေး အမျိုးသမီးတစ်ဦး သေဆုံး၊ ယာဉ်မောင်းထွက်ပြေး Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.