မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်ခိုဝင်လာသူ ဒုက္ခသည်တိုးလာ


ခိုနှုမ်းသုန်သတင်း။ ၀၁ ဒီဇင်ဘာ ၂၀၁၇။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် မြန်မာဒုက္ခသည်များ တိုးလာကြောင်း သိရသည်။

မီဇိုရမ်တောင်ပိုင်း လောင်တလိုင်မြို့ရှိ ရဲမှတ်တမ်းပြုစုချက်အရ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စစ်ဘေးရှောင် ပြည်သူ ၁၃၀၀ ခန့်ရှိကြောင်း ဖော်ပြပြီး ယခုအခါ နိုဝင်ဘာ ၃၀ ရက်နေ့အထိ စာရင်းအရ လူဦးရေ ၁၆၁၅ ဦးအထိ တိုးလာကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

လောင်တလိုင်မြို့နယ်ရှိ ကျေးရွာ လေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည်များအတွက် မီဇိုရမ်အစိုးရမှ refugee စခန်းပြုလုပ်ပေးခဲ့ပြီး အဆိုပါ ဒုက္ခသည် အများစုကိုတော့ ထို refugee camp တွင် ထားရှိနေပြီဖြစ်ကြောင်း သိရသည်။

လောင်တလိုင်မြို့နယ်ရှိ ရဲမှတ်တမ်းအရ Zochachhuah ကျေးရွာတွင် (၇၀၇ ဦး)၊ Laitlang ကျေးရွာတွင် (၄၄၃ ဦး)၊ Dumzautlang ကျေးရွာတွင် (၂၄၀ ဦး) နှင့် Hmawngbuchhual ကျေးရွာတွင် (၂၂၅ ဦး) အသီးသီးရှိပြီး ၄င်းအပြင် ရွာထဲကို ရောက်မလာသေးဘဲ အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်ဝိုက်တွင်လည်း ဒုက္ခသည်များရှိနေသေးကြောင်းနှင့် အဆိုပါ ဒုက္ခသည်များ ကို စာရင်းပြုစုလို့မရသေးကြောင်း ထပ်မှန်သိရသည်။

ယခုလို မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အဝတ်အစားများကို Central Young Lai Association မှ လောင်တလိုင်မြို့တွင် ကောက်ခံလျှက်ရှိကြောင်း သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်ခိုဝင်လာသူ ဒုက္ခသည်တိုးလာ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်ခိုဝင်လာသူ ဒုက္ခသည်တိုးလာ Reviewed by THITHTOOLWIN on 16:40 Rating: 5
Powered by Blogger.