မင်းတပ်မြို့၌ ဆိုင်ကယ်(၂)စီးတိုက်မိ ၁ ဦးသေဆုံး


၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ ၁၉၃၀ အချိန်တွင် ချင်းပြည်နယ် မင်းတပ်မြို့၊ စံပြရပ်ကွက်၌ ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် ၂ ဦးသေဆုံးကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ မင်းတပ်မြို့၊ စံပြရပ်ကွက်၌ ဟုန်းဂေ၊ (၁၆)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဂေလိန်း၊(၁၆)နှစ် နှင့် အောင်လင်းထွန်း၊ (၁၄)နှစ်တို့ လိုက်ပါလာသည့် ဆိုင်ကယ်နှင့် ဦးအောင်အောင် (၃၆)နှစ်မောင်းနှင်ပြီး ဇနီး ဒေါ်ငွေကြည်၊ (၃၇)နှစ်၊ သမီးဖြစ်သူ မအောင်ခေါတီး၊ (၈)နှစ် တတိယတန်းနှင့် သားဖြစ်သူ အောင်လောဟာ၊ (၅)နှစ်တို့ လိုက်ပါလာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆိုင်ကယ်တိုက်မှုကြောင့် မအောင်ခေါတီးနှင့် အောင်လောဟာတို့ ၂ ဦးတို့ သတိမရ(စိုးရိမ်ရ)နှင့် ဟုန်းဂေ ပါ ၄ ဦး (ကျား ၃၊ မ ၁)တို့တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် ၂၀၀၀ အချိန်တွင် အောင်လောဟာမှာ သေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၉ ရက်နေ့ ၀၆၀၀ အချိန်တွင် ဟုန်းဂေနှင့် ဦးအောင်အောင် တို့ ၂ဦး(ဖမ်းမမိ)အား မင်းတပ်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင် မောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
မင်းတပ်မြို့၌ ဆိုင်ကယ်(၂)စီးတိုက်မိ ၁ ဦးသေဆုံး မင်းတပ်မြို့၌ ဆိုင်ကယ်(၂)စီးတိုက်မိ ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.