စစ်တပ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ရမယ်လို့ ယန်ဟီးလီပြော


မြန်မာ့တပ်မတော်စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။

မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီးတဲ့နောက် ပြောကြားခဲ့တာပါ။ အခုလောလောဆယ် တွေ့ရမြင်ရတဲ့အတိုင်းဆိုရင် မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာဖိအားကို ခံစားမိကြသေးပုံမရပါဘူး၊ အခုရှိနေတဲ့ဖိအားဟာလည်း သူတို့အပေါ် မှန်ကန်ထိရောက်တဲ့ဖိအားမျိုး ဟုတ် မဟုတ် မသေချာပဲဖစ်နေပါတယ်လို့ မစ္စယန်ဟီးလီက ဆိုးလ်မြို့ကနေ တယ်လီဖုန်းကတဆင့် ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီအတွင်း တူရကီဝန်ကြီးချုပ် ဘီနာလီ က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း ပြောဆိုလိုက်ပြီး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဒုက္ခသည်တွေ ဘေးကင်းရန်ကွာ အိမ်ပြန်နိုင်ကြအောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားက ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့အပြီး ပြောဆိုခဲ့တာပါ။

RFA Burmese
https://www.facebook.com/rfaburmese/
စစ်တပ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ရမယ်လို့ ယန်ဟီးလီပြော စစ်တပ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ရမယ်လို့ ယန်ဟီးလီပြော Reviewed by THITHTOOLWIN on 11:36 Rating: 5
Powered by Blogger.