နွားလှည်းနှင့် ဆိုင်ကယ်တိုက်မိရာမှ လူသေမှုဖြစ်


ခင်ဦး (ဒီဇင်ဘာ-၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တမုတ်ကျေးရွာအနီး၌ ဒီဇင်ဘာ (၄) ရက်နေ့ ည ၁၀ နာရီခန့်က နွားလှည်းနှင့် ဆိုင်ကယ်တိုက်မိရာ လူတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် တမုတ်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား (ပြည်ထောင်စု) ကားလမ်းမကြီး မိုင်တိုင်အမှတ်- ၁၂/၂၈ ကီလိုမီတာ၌တွင် နွားလှည်းနှင့်ဆိုင်ကယ် တိုက်မိရာမှ လူတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်၊ ရဲအုပ်အောင်ဇော်နှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ခင်ဦးမြို့နယ် တမုတ်ကျေးရွာနေ(ဘ)ဦးကျော်သိန်း၏သားဦးဘိုမြင့်(၃၇)နှစ် မောင်းနှင်လာသော နွားလှည်းမှာ ကားလမ်းပေါ်သို့ ဖြတ်ကူးစဉ် တောင်ဘက်မှ ၁၂ယ/၆၂၉၇ KENBO-125 စိမ်း/နက်ကြားဆိုင်ကယ် မောင်းနှင်လာသော ဦးအောင်ဆန်း ၃၃ နှစ် (ဘ)ဦးမြင့်ဆောင် အလယ်လျှိုကျေးရွာ ခင်ဦးမြို့နယ်နေသူနှင့် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်စီးနင်းလာသူ ဦးအောင်ဆန်းတွင် မေးစေ့ ၂ လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ရင်ဘက်တွင် လှည်းဦးချွန်နှင့်တိုက်မိ၍ ရရှိသောပွန်းပဲ့ဒဏ်ရာများဖြင့်
နေရာတွင် သေဆုံးနေကြောင်း တွေ့ရှိရသည်။

၎င်းဖြစ်စဉ်နှင့် ပါတ်သက်၍ နွားလှည်းအား ကားလမ်းမပေါ်သို့ မဆင်မခြင်မောင်းနှင်ဖြတ်ကူးသော ဦးဘိုမြင့် ၃၇ နှစ် (ဘ) ဦးကျော်သိန်း တမုတ်ကျေးရွာ၊ ခင်ဦးမြို့နယ်နေသူအား မြို့မရဲစခန်းမှ ယာဉ်(ပ) ၄၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သတင်း - ဓါတ်ပုံ ။  ။ Chit San (fb)
by သစ်ထူးလွင်
နွားလှည်းနှင့် ဆိုင်ကယ်တိုက်မိရာမှ လူသေမှုဖြစ် နွားလှည်းနှင့် ဆိုင်ကယ်တိုက်မိရာမှ လူသေမှုဖြစ် Reviewed by THITHTOOLWIN on 17:41 Rating: 5
Powered by Blogger.