တိုးရတနာခရီးသည်​ တင် အမြန်​ယာဉ်​ အရှိန်​မထိန်းနိုင်​ဘဲ တိမ်းမှောက်မှုဖြစ်​ပွား


ရခိုင်ဂေဇက်၊ ဒီဇင်ဘာ၃၀

စစ်တွေ မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးသိန်းထွန်း မောင်းနှင်းလာသော ယာဉ်အမှတ် 4M-4986 တိုးရတနာ ခရီးသယ်​တင်​အမြန်​ယာဉ်​သည် နေ့လည် (၁)နာရီအချိန်တွင် မိုင်တိုင် (၃၃) မိုင် (၃) ဖာလုံ စညှင်းနဲ့ လေသွန်ကျေးရွာကြား အနီးတွင် အရှိန်မထိန်းနိုင်​ဘဲ တိမ်းမှောက်သွားမှု ဖြစ်​ပွား ခဲ့​ကြောင်း ကင်းထောင်ကြီးရဲစခန်းမှ သိရသည်​။


"လူအသေပျောက်မှုတော့ မရှိပါ ပြင်းထန်ဒဏ်ရာရှိသူ ဘုန်းကြီး(၂)ပါး၊ အမျိုးသား (၁၀)​ယောက်​၊ အမျိုးသမီး(၆)​ယောက်​ကို အရေးပေါ် အမ်းပြည်သူ ဆေးရုံသို့ပို့ဆောင်ထားပါတယ်​၊"ဟု ကမ်း​ထောင်းကြီး ရဲစခန်းတာဝန်​ရှိသူတစ်​ဦးမှ ​ပြောသည်​။

အဆိုပါဖြစ်​စဉ်​တွင်​ ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ယာဉ်မောင်း ဦးသိန်းထွန်းအား အ​မှုဖွင့်​အ​ရေးယူထား​ကြောင်း ကမ်းထောင်ကြီး ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဖိုးခွားလေး
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
တိုးရတနာခရီးသည်​ တင် အမြန်​ယာဉ်​ အရှိန်​မထိန်းနိုင်​ဘဲ တိမ်းမှောက်မှုဖြစ်​ပွား တိုးရတနာခရီးသည်​ တင် အမြန်​ယာဉ်​ အရှိန်​မထိန်းနိုင်​ဘဲ တိမ်းမှောက်မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 12:57 Rating: 5
Powered by Blogger.