ကျွန်းလှမြို့နယ်၌ ကြာပန်းဆင်းခူးရာမှ ကျောင်းသား/သူ ၃ ဦး ရေနစ်သေဆုံး


၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ၀၉၃၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာ အနောက်ဖက်(၂)ဖာလုံခန့်ရှိ သဖန်းဆိပ်ဆည်ရေဝင် ဧရိယာ၌ မောင်ဝေဠုအောင်(၁၄)နှစ်၊ (၉တန်း) ပါ ၃ ဦး(ကျား ၁၊ မ ၂)တို့ သည် ကြာပန်းဆင်းခူးရာ ရေနစ်နေသဖြင့် ဆယ်ယူခဲ့ပြီး ကျွန်းလှမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ၁၃၅၀ အချိန်တွင် သေဆုံး သွားခဲ့ သဖြင့် ၁၈၃၀ အချိန်တွင် သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၇ )ရေး ဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ကျွန်းလှမြို့နယ်၌ ကြာပန်းဆင်းခူးရာမှ ကျောင်းသား/သူ ၃ ဦး ရေနစ်သေဆုံး ကျွန်းလှမြို့နယ်၌ ကြာပန်းဆင်းခူးရာမှ ကျောင်းသား/သူ ၃ ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.