လူမျိုး အချက်အလက်တွေကို မထုတ်ပြန်နိုင်သေး

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှု ပြီးဆုံးခြင်း အခမ်းအနားတရပ်က မြင်ကွင်း
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အစီအစဉ် ပြီးဆုံးခဲ့ပေမယ့် ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းထဲက မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်နိုင်တာ မရှိသေးပါဘူး။

ကောက်ယူရရှိတဲ့ လူမျိုးစာရင်းတွေကို အကုန်လုံး ပြုစု ထားပြီး ဖြစ်ပေမယ့် လူမျိုးနာမယ် တချို့ လွဲနေတာ ၊ တချို့ ဆိုရင် အုပ်စု လွဲပြီး ပါနေတာမျိုးတွေ ရှိနေတဲ့ အပြင် တချို့လူမျိုးတွေဟာ မတူတဲ့ အုပ်စုတွေထဲ ကြိမ်ဖန်ထပ် ပါတာတွေ ရှိနေလို့ အငြင်းပွားဖွယ် ဖြစ်နေကြောင်း အလုပ်သမားနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန ပြည်သူ့ အင်အားဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုး က ပြောပါတယ်။

နှစ်ပေါင်း ၃၁ အတွင်း ပထမအကြိမ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောင်ယူမှုကို ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ က စတင်ပြီး ကုလသမဂ္ဂရဲ့ လူဉီးရေ ဆိုင်ရာ ရံပုံငွေ အဖွဲ့ UNFPA က ကူညီပေး ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကောက်ယူပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ ရှိတဲ့လူဦးရေ ကျားမ အရေအတွက် ပြည်နယ် နဲ့ တိုင်းအသီးသီးမှာ နေထိုင်ကြတဲ့ လူဦးရေနဲ့ ပညာရေး ၊ ကျန်းမာရေး စတဲ့ အခြေအနေတွေ အပြင် မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ကိုးကွယ်မှု ဆိုင်ရာ အချက်အလက်တွေကိုလဲ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

အဲဒီအခါမှာ လူမျိုးတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ထုတ်ပြန်မယ်ဆိုရင် ဥပမာ ကချင် ဆိုရင် မျိုးနွယ်စု ခြောက်စု စလုံးပါမှ ကချင် လို့ခေါ်တာကြောင့် အခု ဆိုရင် ရဝမ် ၊ ရဝေါနဲ့ ဂျိန်းဖော် စသဖြင့် ရှုတ်ရှက် ခက်နေပြီး အဲဒီ ကချင် ထဲမှာကိုက ပြဿနာ ရှိနေတာကြောင့် အရင် သန်းခေါင်စာရင်းကောက်တုန်းကလည်း အငြင်းပွားစရာတွေ ဖြစ်ခဲ့သလို အခုထုတ်ပြန်ရင်လည်း ပြဿနာ ထပ်တက်နိုင်တယ်လို့ အရင် လွှတ်တော်တုန်းက သန်းခေါင် စာရင်းကိစ္စကို လွှတ်တော်မှာဆွေးနွေး ခဲ့ဖူးတဲ့ ကချင် တိုင်းရင်းသူဒေါ်ဒွဲဘူ က ပြောပါတယ်။

သန်းခေါင် စာရင်း ကောက်ယူတဲ့အခါ ထည့်သွင်းမယ့် တိုင်းရင်းသားလူမျိုးတွေရဲ့ အမည်တွေကို လွှတ်တော်မှာ အတည်ပြုပြီးမှ သန်းခေါင်းစာရင် ကောက်ယူတဲ့ စာရင်းထဲထည့်ဖို့ ပြီးခဲ့တဲ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဘာဘဲ ဖြစ်ဖြစ် နှစ်ပေါင်း ၃၁ အတွင်း ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူနိုင်ခဲ့တဲ့ အတွက် မြန်မာနိုင်မှာရှိတဲ့လူဦးရေအတွက် ကျားမ အရေအတွက် ပညာရေးနဲ့ ကျန်းမာရေး စတဲ့ အချက်အလက်တွေ ရရှိလိုက်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ရေးဆွဲရာမှာ အထောက်အကူ ဖြစ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လူမျိုး အချက်အလက်တွေကို မထုတ်ပြန်နိုင်သေး လူမျိုး အချက်အလက်တွေကို မထုတ်ပြန်နိုင်သေး Reviewed by THITHTOOLWIN on 07:11 Rating: 5
Powered by Blogger.